ကျင့်သုံး

A d v e r t i s e m e n t With Us

April 30, 2020

အိန္ဒိယတောင်ပိုင်း လူချင်းခပ်ခွာခွာနေရန်  ထီးဆောင်းသည့်စနစ် ကျင့်သုံး

တကမ္ဘာလုံးမှာ စိုးရိမ်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကာလအတွင်း လူချင်းခပ်ခွာခွာနေတဲ့နည်းကို ကျင့်သုံးနေကြချိန်မှာ အိန္ဒိယတောင်ပိုင်း ကယ်ရာလာပြည်နယ်က ရွာတရွာကတော့ ထီးအသုံးပြုပြီး လူချင်းခွာနေနိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ သန်နီယာမတ်ခမ်ရွာကောင်စီက ဒေသခံတွေကို ထီးတွေ ဝေပေးခဲ့ပြီး အမတော်ကြေးနှုန်းနဲ့ ပေးဖို့ပြောဆိုခဲ့ပြီး လူချင်းခွာနေနိုင်အောင်  ထီးအလက်ပေါင်း ၁၀၀၀၀ ကို ဖြန့်ဝေဖို့ စီစဉ်ထားတယ်လို့ ရွာကောင်စီ ဥက္ကဋ္ဌက  ပြောပါတယ်။  ဒီထီးတွေနဲ့ ဆိုရင် နွေရာသီမှာ ရွာတဲ့ မိုးကိုရော COVID-19 ဗိုင်းရပ်စ်ကိုပါ တိုက်နိုင်တဲ့အပြင် အိမ်ပြင်ထွက်တိုင်း ထီးဖွင့်ဆောင်းသွားဖို့ကိုလည်း ကောင်စီဝင်တွေက ဒေသခံတွေကို တိုက်တွန်းပါတယ်။ ကယ်ရာလာ ပြည်နယ်ဟာ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရတဲ့ ပြည်နယ်ပါ။ ဒါပေမယ့် ရက်နည်းနည်းအတွင်း ကူးစက်ခံအရေအတွက် ကျဆင်းသွားခဲ့ပါတယ်။ ပြည်နယ်တွင်း ဗိုင်းရပ်စ်ကူးစက်ခံ ၄၈၆ ယောက် ရှိပြီး ကူးစက်ခံ ၄ ယောက် သေဆုံးခဲ့ တယ်လို့ ပြည်နယ်အစိုးရက ပြောထားပါတယ်။   
10 months Ago
Up