ကျူးလစ်ပန်း

April 24, 2017

အမေရိကန်တွင်ကျင်းပသည့် ကျူးလစ်ပန်းပွဲတော်အတွင်း သန်းပေါင်းများစွာသော ကျူးလစ်ပန်းများ ပွင့်လန်း

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော် စကာဂျစ်တောင်ကြားမှာ နှစ်စဉ် ဧပြီလအတွင်း ကျင်းပမြဲဖြစ်တဲ့ ကျူးလစ်ပန်းပွဲတော်မှာ သန်းပေါင်းများစွာသော ကျူးလစ်ပန်းတွေ ပွင့်လန်းလာခဲ့ပါပြီ။ စီယာတဲယ်မြို့ရဲ့တောင်ဘက် မိုင် ၇၀ အကွာလောက်မှာရှိတဲ့ စကာဂျစ် ကျူးလစ်ပန်းပွဲတော်မှာ တမျှော်တခေါ် ကျူးလစ်ပန်းခင်းတွေနဲ့ လှပလို့နေပါတယ်။ ဧပြီလတလလုံး ကျင်းပတဲ့ ဒီပွဲတော်ကို သန်းနဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။ ဝါရှင်တန်တက္ကသိုလ်ရဲ့ သုတေသနရလဒ်အရ စကာဂျစ်ဒေသဟာ အမေရိကန် တနိုင်ငံလုံး ပန်းဈေးကွက်ရဲ့ ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ ပန်းပွင့်ပေါင်း ၇၅ သန်းခန့်ကို နှစ်စဉ် စိုက်ပျိုးရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။
4 years Ago
Up