ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်မှ ဆေးပေါ့လိပ်သောက်ပြိုင်ပွဲ

March 4, 2016

ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်မှ ဆေးပေါ့လိပ်သောက်ပြိုင်ပွဲ (ရုပ်သံ)

ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်မှာ ဆေးပေါ့လိပ်ပွဲတော်ကို မတ်လ ၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဆေးပေါ့လိပ်သောက်ပြိုင်ပွဲကို နှစ်စဉ် ကျင်းပလာတာ ဒီနှစ်ဆိုရင် ၁၈ ကြိမ်ရှိပါပြီ။ ဆေးလိပ်ပြာကို မကြွေစေဘဲ အရှည်ဆုံး သောက်နိုင်သူက ဒီပြိုင်ပွဲမှာ အနိုင်ရပါတယ်။ ဟာဗားနား ဆေးပေါ့လိပ်သောက် ပြိုင်ပွဲဟာ အနီးမြို့တွေက ဆေးလိပ်သမားတွေကို သာမက တခြားနိုင်ငံတွေက ဆေးလိပ်ဝါသနာအိုးတွေကိုလည်း ဆွဲဆောင်နိုင်ပါတယ်။ ဆေးပေါ့လိပ်ဟာ နိုင်ငံတကာမှာလည်း ကျူးဘားရဲ့ အမှတ်အသား ဖြစ်ပါတယ်။ အခုပွဲတော်ကို မတ်လ ၃ ရက်နဲ့ ၄ ရက် နှစ်ရက်တာ ကျင်းပတာဖြစ်ပြီး လူပေါင်း ၇ သောင်းလောက် ပါဝင်ဆင်နွှဲမယ်လို့ ခန့်မှန်းထားပါတယ်။
6 years Ago
Up