ကျူးဘားအမျိုးသားလေကြောင်းလိုင်း

June 23, 2018

ကျူးဘားအမျိုးသားလေကြောင်းလိုင်း ပြည်တွင်းခရီးစဉ်များ ဖျက်သိမ်း

ကျူးဘားအာဏာပိုင်တွေဟာ အမျိုးသားလေကြောင်းလိုင်းက ပြေးဆွဲနေတဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ဇွန် ၂၂ ရက်နေ့မှာ ယာယီဖျက်သိမ်းလိုက်ပါတယ်။ ဒါ့ကြောင့် ဖျက်သိမ်းခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ်ဝယ်ထားတဲ့ ခရီးသည်တွေကို ဘတ်စ်ကားတွေ စီစဉ်ပေးခဲ့ပါတယ်။ ခရီးသည်တွေဟာ သူတို့ခရီးစဉ်တွေကို ဖျက်သိမ်းပြီး ဘတ်စ်ကားနဲ့ခရီးဆက်ဖို့ စီစဉ်ထားတဲ့ဖြစ်ရပ်ကို နောက်ပိုင်းမှ သိခဲ့တာပါ။ ခရီးစဉ်တွေကို ဘာ့ကြောင့်ဖျက်လိုက်တယ်ဆိုတာ ကျူးဘားအစိုးရဘက်က ရှင်းပြတာမျိုး မရှိသေးပါဘူး။ ကျူးဘားမြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးကတော့ ခရီးသည်တွေ အဆင်ပြေပြေ ခရီးဆက်နိုင်ဖို့ အကူအညီပေးနေတယ်လို့ ပြောထားပါတယ်။ မေလတုန်းက ခရီးသည် ၁၀၀ ကျော် တင်ဆောင်လာတဲ့ Boeing 737 လေယာဉ်ဟာ ဟာဗားနားကနေ ပျံတက်ပြီး မကြာခင် ပျက်ကျပြီး လူ ၁ဝဝ ကျော် သေဆုံးခဲ့လို့ ကျူးဘားလေကြောင်းလုပ်ငန်းဟာ ကမ္ဘာ့သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူခဲ့ပါတယ်။
3 years Ago
Up