ကျူးဘားသို့ရောက်ရှိနေသည့် အိုဘားမား ဟာဗားနားရှိ သမိုင်းဝင်နယ်မြေကို လေ့လာ

A d v e r t i s e m e n t With Us

March 21, 2016

ကျူးဘားသို့ရောက်ရှိနေသည့် အိုဘားမား ဟာဗားနားရှိ သမိုင်းဝင်နယ်မြေကို လေ့လာ

အမေရိကန်သမ္မတ ဘာရတ် အိုဘားမားဟာ ကျူးဘားမှာ သမိုင်းဝင်ခရီးအဖြစ် ရောက်ရှိနေပြီး မတ်လ ၂၀ ရက်နေ့က ဟာဗားနားမှာရှိတဲ့ သမိုင်းဝင်နယ်မြေကို သွားရောက်လေ့လာခဲ့ပါတယ်။ ဟာဗားနား ဗီဂျာလို့ ခေါ်တဲ့ ဟာဗားနားမြိ့ဟောင်းဟာ ၁၉၈၂ ခုနှစ်ကတည်းက ကုလသမဂ္ဂက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ကြေညာထားပါတယ်။ မိုးရွာနေပေမယ့် အိုဘားမားဟာ အထင်ကရ နေရာတွေကို လမ်းလျှောက်သွားရင်း လေ့လာခဲ့ပါတယ်။ အိုဘားမားရဲ့ ကျူးဘားခရီးစဉ်ဟာ မတ်လ ၂၂ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ စစ်အေးခေတ် ရန်သူတော်တွေ ဖြစ်ခဲ့တဲ့ အိမ်နီးချင်း ကျူးဘားနဲ့ အမေရိကန်တို့ နှစ်ပေါင်း ၅၀ ကျော်ကြာ ဆက်ဆံရေး အေးခဲနေရာက ခေတ်သစ်တခုကို စတင်လိုက်တာလည်း ဖြစ်ပါတယ်။ ကျူးဘားသမ္မတ ရာအူး ကက်စထရိုနဲ့ တွေ့ဆုံမှာ ဖြစ်ပေမယ့် တော်လှန်ရေးခေါင်းဆောင် ဖီဒယ် ကက်စထရိုနဲ့တော့ တွေ့ဆုံဖို့ မရှိပါဘူး။ ဒါ့အပြင် သမ္မတ အိုဘားမားဟာ အစိုးရ အတိုက်အခံတွေ၊ စီးပွားရေး စွန့်ဦးတီထွင်သူတွေနဲ့လည်း တွေ့ဆုံပြီး သူ့ရဲ့မိန့်ခွန်းကို နိုင်ငံပိုင်မီဒီယာတွေက တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားနဲ့အတူ သမ္မတကတော် မီရှယ် အိုဘားမား၊ သမီး နှစ်ယောက်တို့လည်း လိုက်ပါသွားပါတယ်။
5 years Ago
Up