ကျူးဘားသမ္မတ နှင့်

November 25, 2017

ကျူးဘားသမ္မတ နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

ကျူးဘားနိုင်ငံကို ရောက်ရှိနေတဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုဟာ  နိုဝင်ဘာလ ၂၄ ရက်မှာ ကျူးဘားသမ္မတ ရာအူကတ်စထရို နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျူးဘားသမ္မတ ရာအူးကတ်စထရိုဟာ အမေရိကန်နဲ့ အငြင်းပွားမှုကနေ ရှောင်းရှားနိုင်ဖို့  မြောက်ကိုရီးယားကို ဖျောင်းဖျပြောဆိုနိုင်လိမ့်မယ်လို့ မျော်လင့်ထားတဲ့အချိန်မှာ အခုလို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာပါ။ နျူလက်နက်ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတဲ့ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့  ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျူးဘားနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ၁၉၆၀ ခုနှစ်ကတည်းက နီးကပ်တဲ့ သံတမန် ဆက်ဆံရေးရှိပါတယ်။ ဒါပေမယ့် နျူကလီးယားလက်နက်ကို  ဆန့်ကျင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ကျူးဘားသမ္မတနဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံချိန်မှာ နှစ်နိုင်ငံကြား သမိုင်းနဲ့ချီပြီးရှိခဲ့တဲ့ ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံ အပြန်အလှန်အကျိုးစီးပွားနဲ့ ဆိုင်တဲ့ နိုင်ငံတကာရေးရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကျူးဘားနိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။ မနှစ်က ကျူးဘားသမ္မတ ရာအူးကတ်စထရိုနဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒို တို့ဟာ  မြောက်ကိုရီးယားအအပေါ် ကျရောက်နေတဲ့ ကမ္ဘာ့ဖိအားတွေ လျေ့ကျစေဖို့ အတူလက်တွဲဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ဖူးတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုက နိုင်ဝင်ဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟာ အခုသီတင်းပတ်အတွင်း ကျူးဘား နိုင်ငံခြားရေး ဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပြီး အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုဟာ နိုင်ငံတကာဥပဒေတွေနဲ့ ဆန့်ကျင်ကြောင်း ပြစ်တင်ရှုတ်ချခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up