ကျူးဘားတွင် နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ရှိနေဆဲဟု လူ့အခွင့်အရေးအဖွဲ့ပြော

July 1, 2015

အမေရိကန်-ကျူးဘား သံတမန်ဆက်ဆံရေး ပြန်လည်စတင်

နှစ်ပေါင်း ၅၀ ကျော် သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့ကြပြီး ရန်ဘက်နိုင်ငံတွေလို ဆက်ဆံခဲ့ကြတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့ဟာ သံတမန်ဆက်ဆံရေး ပြန်လည်စတင်မယ်ဆိုတာကို ဇူလိုင် ၁ ရက်နေ့ တရားဝင်ကြေညာမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့ဟာ ၀ါရှင်တန်နဲ့ ဟားဗားနားမြို့တွေမှာ သံရုံးတွေ ပြန်လည်ဖွင့်လှစ်မယ့် သဘောတူညီချက်ရရှိပြီ ဆိုတာကို အမေရိကန်သမ္မတ အိုဘားမားက ဇူလိုင် ၁ ရက်နေ့မှာ ကြေညာမယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိတွေက ပြောပါတယ်။ “အမေရိကန်နဲ့ ကျူးဘားနိုင်ငံတို့ဟာ တရားဝ င်သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ သဘောတူညီချက်ရပြီး နှစ်နိုင်ငံမြို့တော်တွေမှာ သံရုံးတွေ ဖွင့်လှစ်ဖို့ သဘောတူညီချက်ရပြီ ဆိုတာကို ကျနော်တို့ မနက်ဖြန်ကျရင် တရားဝင်ကြေညာပါ့မယ်။” လို့ အမေရိကန် အဆင့်မြင့်တာဝန်ရှိသူတဦးက စီအန်အ န်သတင်းဌာနကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ဆက်ဆံရေး ပြန်လည်ထူထောင်မယ်လို့ ကြေညာပြီး ၆ လအကြာမှာ သံရုံးတွေ ပြန်လည်ဖွင့်လှစ်ဖို့ ဖြစ်လာတာပါ။ အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့ဟာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး အပြည့်အ၀ ပြန်လည်စတင်တော့မယ်ဆိုတာကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီနောက် ဒီနှစ် မေလနှောင်းပိုင်းမှာတော့ အမေရိကန်ပြည်ထောင်စုက ၁၉၈၂ ခုနှစ်ကတည်းက ကျူးဘားနိုင်ငံအပေါ် သတ်မှတ်ထားတဲ့ list of state sponsors of terrorism (နိုင်ငံတကာ အကြမ်းဖက်ဝါဒရဲ့ လုပ်ရပ်တွေအပေါ် အကြိမ်ကြိမ်ထောက်ပံသည့် နိုင်ငံများစာရင်း) ကနေ ပယ်ဖျက်ခဲ့ပါတယ်။ ကျူးဘားနိုင်ငံမှာ ၁၉၅၉ ခုနှစ်က ကွန်မြူနစ်ခေါင်းဆောင် ဖီဒယ်ကက်စထရို အာဏာရရှိခဲ့ချိန်ကစပြီး အမေရိကန်နိုင်ငံက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ကျင့်သုံးခဲ့ပါတယ်။ နှစ်နိုင်ငံအကြား နိုင်ငံရေးမုန်းတီးမှုတွေနဲ့ စစ်အေးခေတ်ကာလတလျှောက်လုံး ဖြတ်သန်းခဲ့ကြရာက ၂၀၀၈ ဖေဖော်ဝါရီမှာ ကျန်းမာရေးအရ ဖီဒယ်ကက်စထရို အနားယူပြီး သူ့ညီ ရော်လ်ကက်စထရို သမ္မတဖြစ်လာချိန်ကစလို့ ခရီးသွားလာခွင့် ပိတ်ပင်မှုကို အမေရိကန်နိုင်ငံက အကန့်အသတ်နဲ့ ဖြေလျော့ခဲ့ပါတယ်။ တလျှောက်လုံး နျူကလီးယား ခြိမ်းခြောက်မှုတွေနဲ့အတူ အေးစက်လာခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ ၂၀၁၅ ခုနှစ်မှာ ပုံမှန်ဆက်ဆံရေးလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
6 years Ago

June 20, 2015

ကျူးဘားတွင် နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ရှိနေဆဲဟု လူ့အခွင့်အရေးအဖွဲ့ပြော

ကျုးဘားမှာ နိုငံရေးအကျဉ်းသား မရှိတော့ဘူးလို့ အစိုးရက ပြောပေမ့ယ် တကယ်တော့ ၆၀ ထက်မနည်း ထောင်ထဲမှာ ရှိနေသေးတယ်လို့ ကျူးဘားရဲ့ ထင်ရှားတဲ့ လူ့အခွင့်အရေးကော်မရှင်က ဇွန် ၁၉ ရက်နေ့က ပြောပါတယ်။ အစိုးရကတော့ ထောင်ထဲမှာရှိနေသူတွေဟာ လက်နက်ကိုင် တန်ပြန်တော်လှန်ရေး သမားတွေနဲ့ သာမန် ရာဇ၀တ်သားတွေသာဖြစ်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံရေးအကျဉ်းသားတွေအဖြစ် မှားယွင်းသတ်မှတ်တာလို့ ဆိုပါတယ်။ ကျူးဘား လူ့အခွင့်အရေး ကော်မရှင်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအဖွဲ့ ဥက္ကဋ္ဌ အယ်လီဇာဒို ဆန်းချက်က ကျန်နေတဲ့ အကျဉ်းသားတချို့ဟာ အကြမးဖက်မှုတွေကို ပြုလုပ်ခဲ့တာ မှန်ပေမ့ယ် သူတို့ဟာ ရသင့်ရထိုက်တဲ့ ဥပဒေ အကာအကွယ်ကို မရခဲ့ဘဲ ပြစ်ဒဏ်တွေ မြင့်မြင့်မားမား ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။ နိုင်ငံသား အကျဉ်းသား သတ်မှတ်ချက်အရ ၇၁ ယောက် ထောင်ထဲမှာ ကျန်နေပြီး ၈ ယောက်ကနေ ၁၀ ယောက်လောက်ဟာ လက်နက်ကိုင်ဆောင်ခဲ့သူတွေ ဖြစ်တာလည်း မှန်ကန်တယ်လို့ ဆိုပါတယ်။ ကျူးဘားမှာ လွန်ခဲ့တဲ့ နှစ် ၄၀၊ ၅၀ လောက်က နိုင်ငံရေးအကျဥ်းသား ၁ သောင်းခွဲလောက် အထိ ရှိခဲ့ဖူးလို့ အခုအချိန်နဲ့ နှိုင်းယှဉ်ရင် အများကြီးလျော့ကျသွားတယ်ဆိုတာကိုလည်း လက်ခံတယ်လို့ ပြောပါတယ်။ ဒါပေမ့ယ် အခု ထောင်ထဲမှာကျန်နေသူတွေထဲမှာ ၂ ဒါဇင်လလောက်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြလို့ အဖမ်းခံရသူတွေ ဖြစ်ပြီး၊ အကြီးဆုံး အတိုက်အခံဖြစ်တဲ့  မျိုးချစ် ကျူးဘားအဖွဲ့ဝင်တွေနဲ့ ပန်းချီဆရာ ဒန်နီလို မော်ဒို နာဒိုလည်း ထောင်ထဲမှာ ကျန်နေသေးတယ်လို့ဆိုပါတယ်။ မနှစ်က  ကျူးဘားအစိုးရနဲ့ အမေရိကန် အစိုးရတို့ လျှို့ဝှက် ညှိနှိုင်းခဲ့ကြပြီး နိုင်ငံရေး အကျဉ်းသား ၅၃ ယောက်ကို ပြန်လွှတ်ပေးပြီးတဲ့နောက်ပိုင်း ထောင်ထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စနဲ့ပတ်သက်လို့  ကော်မရှင်ရဲ့ အခု အစီရင်ခံစာဟာ ပထမဆုံးဖြစ်ပါတယ်။
6 years Ago
Up