ဂျပန်နိုင်ငံ ကျိုတိုမြို့က အန်နီမေးရှင်း စတူဒီယိုတခုမှာ ဒီကနေ့ မီးလောင်တာကြောင့် တဦးသေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရကာ အဲဒီထဲက ၁၀ ယောက်ဟာ ဒဏ်ရာပြင်းထန်တယ်လို့ မီးသတ်ဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
ရှို့မီးလို့ သံသယရှိတဲ့ ဒီမီးလောင်မှုကို ရဲတပ်ဖွဲ့က စုံစမ်းနေပြီး စတူဒီယိုဝန်းကျင်မှာ ဓာတ်ဆီလောင်းခဲ့ပုံရတဲ့ လူတယောက်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။
အဲဒီ အန်နီမေးရှင်း စတူဒီယိုဟာ “Sound! Euphonium” အန်နီမေးရှင်းစီးရီးကို ထုတ်လုပ်ပြီး “Free! Road to the World - The Dream” ဆိုတဲ့ အန်နီးမေးရှင်း ကာတွန်းကို ဒီလမှာ အများပြည်သူကို ပြသသွားမယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် လူအများအပြား သေဆုံးတယ်လို့ ယူဆရကြောင်း အာဏာပိုင်တွေနဲ့ ဒေသမီဒီယာတွေက ဆိုပါတယ်။
2 years Ago