ကျိုက်ထီးရိုးတွင်

December 16, 2017

ကျိုက်ထီးရိုးတွင် ကောင်းကင်ကေဘယ်လ်ကားစတင်ဖွင့်လှစ်

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို တက်ရောက်ဖူးမြော်နိုင်ဖို့အတွက် ဒီဇင်ဘာ ၁၅ ရက်က ကောင်းကင်ကေဘယ်လ်ကားဖွင့်ပွဲ ပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဘုရားဖူးပြည်သူတွေကို ၁ ရက်တာ အခမဲ့ပြေးဆွဲခဲ့ပါတယ်။ အဲဒီကေဘယ်လ်ကားကို မနက် ၆ နာရီကနေ ညနေ ၆ နာရီထိ ဖွင့်လှစ်ပြေးဆွဲသွားမှာဖြစ်ပြီး  လုံခြုံစိတ်ချစွာ စီးနင်းလိုက်ပါနိုင်ဖို့အတွက် စီစဉ်ထားတယ်လို့ ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဦးနောင်ရဲအောင်က ဒီဗွီဘီကို ပြောပါတယ်။ ကေဘယ်လ်ကားတတွဲမှာ လူ ၈ ဦးအထိ စီးနင်းနိုင်မှာဖြစ်ပြီး အများဆုံးကြာချိန်မှာ ၈ မိနစ်မှ ၁၅ မိနစ်အတွင်း ရှိမှာဖြစ်ကာ တနေ့ကို လူဦးရေ ၂၀၀၀၀ အထိ ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကေဘယ်လ်ကားစီးနင်းခအဖြစ် နိုင်ငံခြားသားတဦးကို ၁၀ ဒေါ်လာ၊ မြန်မာနိုင်ငံသားတဦးကို ကျပ် ၃၀၀၀ သတ်မှတ်ထားတယ်လို့ Sky Asia ကုမ္ပဏီထံက သိရပါတယ်။ ကေဘယ်လ်ကား လိုက်ပါစီးနင်းနေစဉ် ထိခိုက်မှုတစုံတရာ ဖြစ်ပေါ်လာပါကလည်း စီးနင်းလိုက်ပါသူတွေရဲ့ အသက်အာမခံကို ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
3 years Ago
Up