ကျနော်တို့ မိန်းကလေးတွေကို ပြန်ခေါ်ပေးပါ

April 14, 2016

ကျနော်တို့ မိန်းကလေးတွေကို ပြန်ခေါ်ပေးပါ

နိုင်ဂျီးရီးယားနိုင်ငံရဲ့ မြို့တော် အဘူဂျာမှာ ကျနော်တို့ မိန်းကလေးတွေကို ပြန်ခေါ်ပေး လို့ အဓိပ္ပာယ်ရတဲ့ Bring Back Our Girls အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့က ဆန္ဒပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျောင်းသူလေး အယောက် ၂၀၀ ကျော် ပြန်ပေးဆွဲခံရတဲ့ အမှတ်တရအနေနဲ့ မြို့တော်တွင်း လမ်းတွေတလျှောက် ချီတက်ခဲ့ကြပြီး ဗျူဟာမြောက် နေရာတွေက သစ်ပင်တွေမှာ ဖဲကြိုးနီတွေ ချည်ခဲ့ကြပါတယ်။ ဘိုကိုဟာရမ် သူပုန်တွေက ၂၀၁၄ ခုနှစ် ဧပြီလမှာ နိုင်ငံအရှေ့မြောက်ပိုင်း က ဝေးလံသီခေါင်တဲ့မြို့က ကျောင်းကို ဝင်စီးခဲ့ပြီး စာမေးပွဲ ဖြေနေတဲ့ မိန်းကလေးတွေကို ဖမ်းခေါ်သွားခဲ့တာပါ။ မိန်းကလေး အယောက် ၂၇၀ ကို ကုန်ကားတွေပေါ် တင်ခေါ်သွားခဲ့ပြီး အယောက် ၅၀ လောက်က ပြန်လွတ်လာခဲ့ပါတယ်။ ၂ နှစ်အကြာမှာ ပြန်ပေးဆွဲခံရတဲ့ မိန်းကလေး ၂၁၉ ယောက် ပျောက်ဆုံးနေဆဲပါ။ မိန်းကလေးတွေ ပြန်ရှာတွေ့ရေးအတွက် bringbackourgirls လှုပ်ရှားမှုကို အမေရိကန် သမ္မတ ကတော် မီရှဲလ် အိုဘားမားနဲ့ တခြားငွေကြယ်ပွင့်တွေ အပါအဝင် တကမ္ဘာလုံးက လှုပ်ရှားခဲ့ပါတယ်။ ဒီကိစ္စကို ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး နိုင်ဂျီးရီးယားအစိုးရနဲ့ စစ်တပ်လဲ အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။ ၂၀၁၄ နှစ်စကနေ ခုထိ မိန်းကလေးနဲ့ ယောက်ျားလေး အယောက် ၂၀၀၀ လောက် ဘိုကိုဟာရမ်သူပုန်တွေ ဖမ်းတာ ခံခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး(Amnesty International)က ဆိုပါတယ်။ သူတို့တွေကို စားဖိုမှူးတွေ၊ လိင်ကျွန်တွေ၊ တိုက်ခိုက်ရေးသမားတွေနဲ့ အသေခံ ဗုံးခွဲသမားတွေအဖြစ် အသုံးချတယ်လို့ ဆိုပါတယ်။
6 years Ago
Up