ကျိန်စာ

March 9, 2019

မျက်​နှာမဲကြီးရဲ့ကျိန်​စာ စုံစမ်း​ဖော်​ထုတ်​မှတ်​တမ်းရုပ်​ရှင်​ မိတ်ဆက်

မြန်​မာပြည်​ရဲ့ ​ကျောက်​မီး​သွေး စွမ်းအင်​သုံးစွဲ​နေတဲ့ အ​ခြေအ​နေ​နဲ့ပတ်​သက်​ပြီး ရိုက်​ကူးထားတဲ့ မျက်​နှာမဲကြီးရဲ့ကျိန်​စာ စုံစမ်း​ဖော်​ထုတ်​မှတ်​တမ်းရုပ်​ရှင်​ မိတ်ဆက်​ပွဲကို မတ်​လ ၉ ရက်​​နေ့က orchid hotel မှာ ပြုလုပ်​ခဲ့ပါတယ်​။ မြန်​မာပြည်​မှာရှိ​နေတဲ့ ဖွံ့ဖြိုးတိုးတက်​မှုရဲ့ အ​ခြေအ​နေ၊ ရန်​ကုန်​မြို့က​ ကျောက်​မီး​သွေး အသုံးပြုပြီး လည်​ပတ်​​နေတဲ့ စက်​ရုံေ​တွေရဲ့အ​ခြေအ​နေနဲ့ တီကျစ်​​ဒေသမှာရှိ​နေတဲ့ ​ကျောက်​မီး​သွေးစက်ရုံရဲ့အ​ခြေအ​နေ​တွေကို အဓိကထား ရိုက်​ကူးထားတာပါ။ ဒီဇာတ်​ကားကို ကြည့်လိုက်​ရင်​ မြန်​မာပြည်​က ပြည်​သူတွေဟာ ရင်းနှီးမြှုပ်​နှံမှုလုပ်​တဲ့ ကုမ္ပဏီ​တွေ​ကြောင့် ဘယ်​​လောက်ထိခိုက်​နစ်​နာပြီး ​ဒေသခံလူထု​တွေအ​နေနဲ့ ဘာ​တွေခံစား​နေရပြီး ဒါ​တွေကို အစိုးရအ​နေနဲ့ ​သေ​သေချာချာ စဉ်းစားသုံးသပ်​သင့်​တယ်​၊ မှန်​တဲ့ဘက်​က ရပ်​တည်​သင့်တယ်​၊ လက်​ရှိလည်​ပတ်​​နေတဲ့ စီမံကိန်း​တွေကို ပြန်​လည်​သုံးသပ်​​ပေးသင့်တယ်​လို့ ဒီမှတ်​တမ်းရုပ်​ရှင်​ကို ရိုက်​ကူးတဲ့ ဒါရိုက်​တာ ဉာဏ်​ကြီးက ​ပြောပါတယ်​။ မျက်​နှာမဲကြီးရဲ့ကျိန်​စာ မှတ်​တမ်းရုပ်​ရှင်​ကို ၈ လ​ကျော်​ကြာ အချိန်​ယူရိုက်​ကူးခဲ့ရပြီး မိနစ်​ ၄၀​ ကျော်​စာရှိတဲ့ ဒီရုပ်​ရှင်​ကို မဇ္ဈိမရုပ်​သံလိုင်းမှာ ​မတ်​လ ၁၀ ရက်​​နေ့က​နေ စတင်​ပြီး အပိုင်းလိုက်​ပြသသွားမှာပါ။
3 years Ago

April 27, 2018

တကျော့ပြန် ရုံတင်နေသည့် “ည” ရုပ်ရှင်ကားမှ ဇာတ်ဝင်သီချင်း-ကျိန်စာ(ရုပ်သံ)

      ပရိသတ်တွေကြား နာမည်ကြီးခဲ့တဲ့ “ည”ရုပ်ရှင်ကားဟာ တကျော့ပြန် ရုံတင်နိုင်ခဲ့ပြီး အဲဒီကားထဲက ဇာတ်ဝင်သီချင်းတပုဒ်ဖြစ်တဲ့ “ကျိန်စာ” အမည်ရတဲ့ သီချင်းဟာလည်း ရေပန်းစားနေပါတယ်။ ဒီသီချင်းကို Room 502 အဖွဲ့က သီဆိုထားခဲ့တာဖြစ်ပြီး “ည” ရုပ်ရှင်ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် ဧပြီလ ၂၆ ရက်နေ့က ပြန်လည်မျှဝေထားခဲ့တာ ဖြစ်ပါ တယ်။ “ငါ တွေးနေချင်တယ်… ဒီနံရံကြီးရဲ့ အခြားတဖက်မှာ… ငါ့လိုပဲသူ နောက်တယောက် ရှိဦးမလား… ငါ့လိုပဲ သူတယောက်တည်း စိတ်ညစ်နေမှာလား… ငါ့လိုပဲ သူတယောက်တည်း ပျင်းလို့နေမှာလား…”စတဲ့ သီချင်းစာသားတွေနဲ့ သွက်လက်တဲ့ သီဆိုဟန်ကို ဒီသီချင်းထဲမှာ ကြားကြရမှာပါ။ လက်ရှိမှာတော့ ဒီသီချင်းကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သောင်း ၂ ထောင်ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားဟာ စိတ္တဇဆန်ဆန် လျှို့ဝှက်သည်းဖို ရိုက်ကူးထားခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပြီး ဒါရိုက်တာအသစ်၊ သရုပ်ဆောင်အသစ်တွေနဲ့ ထူးထူးခြားခြား ရိုက်ကူးထားခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ လူငယ်ဒါရိုက်တာ ထူးပိုင်ဇာ်ဦး ရိုက်ကူးတဲ့ “ည” ရုပ်ရှင်ကားထဲမှာ သရုပ်ဆောင်တွေကတော့ ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ ရပ်ဆဲလ်၊ ငြိမ်းသော်၊ နက်ရှိုင်းကို၊ နန်းထရေစီ၊ မိုးယသော်၊ မေဆူးမောင်၊ နန်းခေးမိုနဲ့ မြတ်နိုးအေးတို့က ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကားကို မနှစ်က အကယ်ဒမီဆုပေးပွဲမှာ ဆုတဆုဆုတော့ ရလိမ့်မယ်လို့ ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြပေမယ့် ဆုတဆုမှ မရရှိခဲ့ပါဘူး။ ဒါပေမယ့် ပရိသတ်တွေ လက်ခံအားပေးမှုနဲ့ ရှေ့ဆက်နိုင်ခဲ့ပြီး တကျော့ပြန် ရုံတင်ပြသနေခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up