ကျား၊ မ တန်းတူရေး အပေါ်ပိုင်းဗလာကျင်း စက်ဘီးစီးလှုံ့ဆော်သည့် အမျိုးသမီး

A d v e r t i s e m e n t With Us

May 17, 2016

ကျား၊ မ တန်းတူရေး အပေါ်ပိုင်းဗလာကျင်း စက်ဘီးစီးလှုံ့ဆော်သည့် အမျိုးသမီး (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ ကျား၊ မ တန်းတူညီမျှမှုအတွက် အမျိုးသမီးတဦးဟာ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ အပေါ်ပိုင်း ရင်သားတွေကို ဗလာကျင်း အနေအထားနဲ့ စက်ဘီးစီးပြီး လှုံ့ဆော်မှုတခု လုပ်ခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ မေ ၁၆ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၂၇ နှစ်အရွယ် ချယ်လ်ဆီးကော်ဗင်တန်ဟာ အမေရိကန်နိုင်ငံ၊ မေရီလဲန်းဒ်ပြည်နယ်မှဖြစ်ပြီး လူမှုကျင့်ဝတ်စံတွေအပေါ် မေးခွန်းထုတ်ချင်တဲ့အတွက် ခုလို အပေါ်ပိုင်း ဗလာကျင်းနဲ့ ပန်းခြံတွေ၊ ကမ်းခြေတွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ စက်ဘီးစီးတာ၊ လမ်းလျှောက်တာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။ သူဟာ ကိုယ်ပိုင် အင်တာနက်ဘလော့ဂ် စာမျက်နှာတခုဖြစ်တဲ့ Breasts Are Healthy မှာ ဒီအတွေ့အကြုံတွေကို မျှဝေခဲ့ပါတယ်။ သူဟာ ခုလို လှုံ့ဆော်မှုတွေ လုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရဖို့ အတိုက်အခံလုပ်ခဲ့ရပြီး နောက်ဆုံးမှာတော့ စိတ်ရှည်ရှည်နဲ့ သည်းခံနိုင်မှုကြောင့် အောင်မြင်ခဲ့ပြီလို့ ဆိုပါတယ်။ သူ့ရဲ့လှုပ်ရှားမှုဟာ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတခုသာ ဖြစ်တယ်လို့ ချယ်လ်ဆီးက ပြောပါတယ်။ “ခုတော့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာအများစုမှာ အမျိုးသမီးတွေအနေနဲ့ အပေါ်ပိုင်း ဗလာကျင်း အခြေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း သွားနိုင်ပြီဆိုတာကို ကျမရဲ့ ယူကျု ဗွီဒီယိုနဲ့ ဘလော့ဂ်စာမျက်နှာတွေပေါ်က အပြုသဘောဆောင်တဲ့ မှတ်ချက်တွေအရ သိနိုင်ပါတယ်။”
5 years Ago
Up