ကျားဥယျာဉ်

September 13, 2016

ကျားဥယျာဉ်တွင်းပျောက်ဆုံးခဲ့သည့် ကမ္ဘာလှည့်ခရီးသည် ပြန်လည်တွေ့ရှိ

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်းပူးရီးခရိုင် ဆီရီရားချားကျးဥယာဉ်ထဲမှာ တနေ့က ပျောက်ဆုံးသွားတဲ့ တရုတ်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည်အမျိုးသမီးတဦးကို ဒီမနက်မှာပြန်တွေ့ပြီလို့ ထိုင်းရတ်သ တင်းမှာ ဖော်ပြပါတယ်။ ကျားဥယျာဉ်အနီး  နေထိုင်သူ ဒေသခံအမျိုးသားတဦးက ဒီကနေ့မနက် ၆ နာရီအချိန် သူ့အိမ်ရှေ့ရေကန်နားမှာ အ၀တ်လျှော်နေတဲ့ အဲဒီ အမျိုးသမီးကို တွေ့ရှိကြောင်း တာဝန်ရှိ သူတွေကို အေ ကြာင်းကြားခဲ့တာဖြစ်ပါတယ်။   သူမကို ပြန်တွေ့တဲ့နေရာဟာ ကျားဥယျာဉ်နဲ့ မီတာပေါင်း ၄၀၀ သာကွာဝေးတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက သွားရောက်မေးမြန်းရာမှာ တော်တော်နဲ့ စကားမပြောဘဲ ဘာသာပြန်နဲ့ ချော့မော့မေးမြန်းကာမှ သူဟာ အိမ်မပြန်လိုတဲ့အတွက် လျှောက်သွားနေတာလို့ ပြန်ဖြေဆို ခဲ့ပါ တယ်။ သ့ကို ကျားဥယာဉ်ဆီအလည်ခေါ်ခဲ့တဲ့ ခရီးသွားဧည့်လမ်းညွှန်ကလည်း အဲဒီအမျိုးသမီးဟာ ကားေ ပ်ါမှာ လိုက်ပါလာစဉ် ဘယ်သူနဲ့မှစကားမပြောဘဲ ငူငိုင်နေတယ်လို့ တာဝန်ရှိ သူတွေကို ဖြေကြားခဲ့ပါတယ်။ လောလောဆယ် သူမကို တိရိစ္ဆာန်ဥယျာဉ် နားနေဆောင်မှာ ချထားပြီး  သူ့အကြောင်းတွေကို စစ်ဆေးမေးမြန်းနေပါတယ်။ အသက် ၃၅ နှစ်ရွယ်  Mrs.Gao Li Ping   အမည်ရှိ တရုတ်အမျိုးသမီးတဦးဟာ  စက်တင်ဘာ ၁၁ ရက်နေ့ ညနေက ကျားဥယျာဉ်ထဲမှာ ပျောက်ဆုံးသွားတဲ့အတွက်  အဲဒီညက ၀န်ထမ်းနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၆၀ ကျော် တညလုံးရှာဖွေခဲ့ပါတယ်။ မတွေ့တဲ့အတွက် နောက်တနေ့ စက်တင်ဘာ ၁၂ ရက်နေ့မာ စစ်တပ်၊ ရဲနဲ့ ကယ်ဆယ်ရေး အဖွဲ့ဝင် အားလုံး လူအင်အား  ၂၀၀ ကျော် အဖွဲ့ ၅ ဖွဲ့ခွဲပြီး  ဧကတစ်ရာကျော်ကျယ်ဝန်းတဲ့ တိရိစ္ဆာန်ဥယျာဉ်တွင်း  မိုးထဲရေထဲမှာ အသည်းအသန်လိုက်လံရှာဖွေခဲ့ပါသေးတယ်။ ဥယျာဉ်ထဲမှာ တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာပေါင်း ၁၁၆ လုံးကိုလည်း စစ်ဆေးကြည့်ရှုခဲ့ ရတယ်လို့ ဥယျာဉ်တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြသွား ပါတယ်။
5 years Ago

September 12, 2016

ထိုင်းနိုင်ငံ ကျားဥယျာဉ်တွင်း ကမ္ဘာလှည့်ခရီးသည်တဦး ပျောက်ဆုံးနေ

ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်းပူးရီးခရိုင် ဆီရီရားချားမြို့ရှိ ကျားဥယျာဉ်ထဲမှာ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦး ပျောက်ဆုံးနေတယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။ အသက် ၃၅ နှစ်ရွယ် Mrs.Gao Li Ping အမည်ရှိ တရုတ်အမျိုးသမီး ကမ္ဘာလှည့်ခရီး သည်တစ်ဦးဟာ စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၂ နာရီက အခြားသော ခရီးသည် ၃၇ ဦးတို့ နဲ့အတူ ဆီရီရားချား တိရိစ္ဆာန်ရုံ (ကျားဥယျာဉ်)ကိုရောက်လာပြီး  လည်ပတ်ခဲ့ကြောင်း၊ ညနေ ၃ နာရီခွဲမှာ ပြန်ဆုံဖို့ ချိန်းဆိုထားပေမယ့် ကားထွက်ချိန်ထိ ရောက်မလာတဲ့အပြင် သူမမှာ ဆက်သွ ယ်ဖို့ တယ်လီဖုန်းလည်း မရှိဘူးလို့ ခရီးသွားဧည့်လမ်းညွှန်က တာဝန်ရှိသူတွေကို ပြောပါတယ်။ ခရီးသွားဖော်တွေပြောပြချက်အရ သူ့ကို နောက်ဆုံးတွေ့ခဲ့တဲ့နေရာဟာ မိကျောင်းကန်ဘေး မှာဖြစ်ကြောင်း၊  Mrs.Gao Li Ping ဟာ အဖြူရောင်တီရှပ်၊ အနီရောင်ဘောင်းဘီတို၊ အဖြူရောင် ရှုးဖိနပ်၊ ပန်းရောင်ကက်ပ်ဦးထုတ်ဆောင်းပြီး ကျောပိုးအိတ်အမည်းရောင်လွယ် ထားတယ်လို့ ဆိုပါတယ်။ သူပျောက်ပျောက်ချင်း တိရိစ္ဆာန်ရုံထဲက စီစီကင်မရာတွေကို စစ်ဆေးကြည့်ရှုခဲ့သလို  လုံခြုံရေး ၀န်ထမ်း ၆၀ ဦး လူစုခွဲပြီး ရှာခဲ့ပေမယ့် မတွေ့သေးဘူးလို့  တိရိစ္ဆာန်ရုံ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။ ဒီကနေ့မှာတော့ ဆီရီရားချားမြို့နယ်မှူးမှ နယ်မြေတွင်းရှိ ရဲ၊ စစ်တပ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်း အပါအ၀င် စုစုပေါင်း လူ ၂၀၀ ကို ခေါ်ယူကာ အဖွဲ့ ၅ ဖွဲ့ခွဲပြီး ပျောက်ဆုံးနေသူ ကမ္ဘာလှည့် ခရီးသည်ကို ရှာဖွေဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။
5 years Ago
Up