ကျားသစ်က အစာအဖြစ် စပါးအုံးမြွေကြီးကို ဘယ်လိုတိုက်ခိုက်ခဲ့သလဲ (ရုပ်သံ)

June 4, 2017

ကျားသစ်က အစာအဖြစ် စပါးအုံးမြွေကြီးကို ဘယ်လိုတိုက်ခိုက်ခဲ့သလဲ (ရုပ်သံ)

အာဖရိက တောတွင်းတနေရာမှာ ရိုက်ကူးထားတဲ့ ရုပ်သံထဲ စပါးအုံးမြွေကြီးတကောင်ဟာ ဖြည်းဖြည်းချင်း လှုပ်ရှားနေတာကို သတိထားစောင့်ကြည့်နေတဲ့ ကျားသစ်တကောင်ကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီက ယူုကျုမှာတင်ထားတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ကျားသစ်က အစာအဖြစ် မြွေကြီးနား လှမ်းလာချိန်မှာ စပါးအုံးကြီးက အန္တရာယ်အနံ့ရပြီး ရှေ့ဆက်မသွား နောက်ပြန်ဆုတ်လိုက်ပြီး တရွေ့ရွေ့သွားနေပါတယ်။ ကျားသစ်က တချက်ပြန်ငြိမ်သွားတဲ့ မြွေကြီးကို လှမ်းပုတ်လိုက်ချိန်မှာ မြွေကလည်း ရန်သူကို ရင်ဆိုင်ကာ ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားနေတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ မြွေကြီးက နိုင်သလောက် ပြန်တိုက်ခိုက်ပြီး လွတ်မြောက်အောင် ပြေးချိန်မှာ ကျားသစ်က အလွတ်မပေးတော့ပဲ သားကောင်နောက်ကို လိုက်ကာ မြွေရဲ့ချက်ကောင်းဖြစ်တဲ့ ဦးခေါင်းပိုင်းကို အချိန်ပေးစောင့်ကြည့် အမိအရ ဖမ်းလိုက်နိုင်တာကို တွေ့ရပါတယ်။ ရုပ်သံရဲ့နောက်ဆုံးမြင်ကွင်းမှာ စပါးအုံးကြီးရဲ့ ဦးခေါင်းကို ကျားသစ်က ပါးစပ်နဲ့ ကိုက်ချီဆွဲလာပြီး မြွေကြီးကို ဦးခေါင်းကနေ စားနေတဲ့ ကျားသစ်ကို မြင်ရမှာပါ။
4 years Ago
Up