ကျားငါးမန်းအမြီးကို ဆွဲပြီးဖမ်းရန် ကြိုးစားသည့် အမျိုးသား ငါးမန်းကိုက်ခံရ

July 10, 2017

ကျားငါးမန်းအမြီးကို ဆွဲပြီးဖမ်းရန် ကြိုးစားသည့် အမျိုးသား ငါးမန်းကိုက်ခံရ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ ကျားငါးမန်းပေါက်စလေးတကောင်ကို အမြီးကနေ ဖမ်းနိုင်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတဦးဟာ ငါးမန်းကိုက်ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ မြောက်ကာရိုလိုင်းနားပြည်နယ် ဆိပ်ခံတံတားတခုအနီးမှာ ဖြစ်ခဲ့တာဖြစ်ပြီး ငါးမျှားချိတ်မှာ ငြိနေတဲ့ အဲဒီငါးမန်းပေါက်ကလေးကို ပြန်လွှတ်ပေးနိုင်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးသား ၂ ဦးဟာ ရေထဲမှာ အတူရှိနေခဲ့ကြပြီး သူတို့ထဲမှ တဦးက ငါးမန်းပေါက်ကလေးကို အမြီးကနေ ဖမ်းနိုင်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ရုတ်တရက်ပဲ သူ့ကို ပြန်ကိုက်ခဲ့ချိန်မှာတော့ ရေထဲမှာ သွေးတွေ ဖြာကနဲ ထွက်သွားခဲ့ပြီး ငါးမန်းပေါက်ကလေးကတော့ သူ့အနားကနေ ရေထဲကို ကူးခတ်သွားခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်တော့ သူဟာ လက်ကဒဏ်ရာနဲ့ ကမ်းစပ်ကို ပြန်လာခဲ့ရတာ တွေ့ရပါတယ်။ အဲဒီ ငါးမန်းပေါက်ကလေးဟာ ၄ ပေအရွယ်လောက်ရှိပြီး နောက်ပိုင်းမှာတော့ သူ့ကို ငါးမျှားချိတ်ကနေ ဖြုတ်ပြီး လွှတ်ပေးနိုင်ခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အမျိုးသားကိုတော့ နီးစပ်ရာ ဆေးရုံတရုံဆီ ဆေးကုသမှု ခံယူနိုင်ဖို့ ပို့ဆောင်ထားခဲ့ရတာပါ။ မျက်မြင်တွေ့ရှိသူ အမျိုးသမီးတဦးဖြစ်တဲ့ ကက်သရင်း ပက်တန်ကတော့ “တယောက်ယောက်ဟာ ကျားငါးမန်းပေါက်ကလေးတကောင်ကို ဖမ်းမိခဲ့ချိန်မှာ သူတို့ ၂ ယောက်က ငါးမန်းပေါက်ကလေးကို ဖမ်းပြီး လွှတ်ပေးဖို့ ကြိုးစားချိန်မှာ ကိုက်ခံရတာပါ။ သွေးတွေလည်း အများကြီးပဲ။ ဒါပေမယ့် ဆေးရုံကို အရေးပေါ်ပို့ထားခဲ့ပြီး အဆင်ပြေမယ်ထင်ပါတယ်” လို့ ပြောပါတယ်။
5 years Ago
Up