ကျာင်းတကျောင်း

June 7, 2018

ဗြိတိန် ကျောင်းတကျောင်းတွင် အတိုအပြတ်အစား စကတ်ဝတ်ရန် အမိန့်ထုတ်

ဗြိတိန်နိုင်ငံရှိ ကျောင်းတကျောင်းမှာ  ကျောင်းသားတွေကို အတိုအပြတ်ဝတ်ဆင်တာ တားမြစ်ပြီး စကတ်ဝတ်ဖို့ အမိန့်ထုတ်လိုက်တယ်လို့ ဇွန် ၅ ရက်နေ့က ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။ အော့စဖို့ရှိုင်းယားရှိ Chiltern Edge School အလယ်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူတွေဟာ ဘောင်းဘီရှည် ဒါမှမဟုတ် စကတ်ကိုသာ ဝတ်ဆင်ခွင့်ရှိပြီး နွေရာသီ အလွန်ပူပြင်းတဲ့ နေ့တွေမှာလည်း အတိုအပြတ်တွေ ၀တ်ခွင့်မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် လိင်ပိုင်းဆိုင်ရာ ကြားနေရေး မူဝါဒရဲ့ ကျောင်းသားတွေဟာ စကတ်ကို ကျောင်းသူတွေလို အလားတူ ဝတ်ဆင်နိုင်ကြောင်း ကျောင်းသားမိဘတဦးက ပြောတယ်လို့ အင်ဒီပန်းဒန်း  သတင်းစာမှာ ဖော်ပြပါတယ်။ ကျောင်းအုပ်ဆရာကြီး Moira Green က ကျောင်းဝတ်စုံသစ်ဟာ ကျောင်းသားတွေအတွက် ပိုပြီး စည်းကမ်းတကျ ဖြစ်စေပြီး အတိုအပြတ် ပုံစံဟာ အဓိက ကျောင်းဝတ်စုံ အစိတ်အပိုင်း မဟုတ်ဘူးလို့ ပြောပါတယ်။ ကျောင်းဝတ်စုံသစ်အပေါ် ကျောင်းသားမိဘတွေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ ဝေဖန်နေကြပါတယ်။ “ဒါရှက်စရာပါ။ ဒီကိစ္စ ကျနော်မလုပ်နိုင်ပါဘူး။ ကျနော်တို့က ဒူးအထက် စကတ်တွေ၊ အသားကပ် ဂျင်းတွေကို တောင်းဆိုနေတာမဟုတ်ပါဘူး။ တနှစ်မှာ နှစ်လလောက်ပဲ မီးခိုးရောင်ဘောင်းဘီအတိုတွေကို ဝတ်ခွင့်တောင်းဆိုနေတာပါ။ ဒါဟာ ပြဿနာကြီး မဟုတ်ပါဘူး” လို့ ကျောင်းသားမိဘတဦးက ကြောင်းကြောင်း Daily Mail သတင်းမှာ ဖော်ပြပါတယ်။ ဗြိတိန်နိုင်ငံမှာ အခုရက်သတ္တပတ်မှာ အပူချိန် ၂၆ ဒီဂရီ ဆဲလ်စီးယက်စ်ထိ ရှိခဲ့ကြောင်း  သိရပါတယ်။
3 years Ago
Up