ကျမ်းသစ္စာကျိန်ဆိုမှုအောင်ပွဲအဖြစ် သမ္မတသစ်ဇနီးမောင်နှံ အကဖြင့်ဖျော်ဖြေ (ရုပ်သံ)

A d v e r t i s e m e n t With Us

January 21, 2017

ကျမ်းသစ္စာကျိန်ဆိုမှုအောင်ပွဲအဖြစ် သမ္မတသစ်ဇနီးမောင်နှံ အကဖြင့်ဖျော်ဖြေ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စကျိန်ဆိုခဲ့တဲ့ သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ ဇန်န၀ါရီလ ၂၀ ရက်မနက်ပိုင်းက ကျမ်းသစ္စကျိန်ဆိုမှုအောင်ပွဲအဖြစ် ကပွဲခန်းမကိုအသွားမှာ လွတ်လပ်ပေါ့ပါးစွာနဲ့ ကိုယ်တိုင်ကခုန်ခဲ့ပါတယ်။ “မယ်လာနီယာထရမ့်နဲ့ ပထမဆုံးအကြိမ်ကခုန်ရတာ သိပ်ကိုဂုဏ်ယူစရာကေင်းပါတယ်”လို့ သမ္မတသစ်ထရမ့်က စိတ်ကြည်နူးစွာ ပြောကြားခဲ့ပါတယ်။ ဒီကပွဲဟာ အသစ်စက်စက် အမေရိကန်သမ္မတတစ်ဦးရဲ့ အိမ်ဖြူတော် ပထမဆုံးနေ့ သင်္ကေတ  အထိမ်းအမှတ်လည်းဖြစ်ပါတယ်။ ကပွဲခန်းမအတွင်းမှာတော့ သမ္မတသစ် ထရမ့်၊ အသစ်စက်စက် First Lady မယ်လာနီယာထရမ့်နဲ့အတူ ဒုသမ္မတသစ် မိုက်ပန့်စ်နဲ့ ချစ်ဇနီး ကရင်ပန့်စ်တို့ အတူတွဲပြီး ကခုန်ခဲ့ကြပါတယ်။ ကပွဲခန်းမကိုမလာခင် အမေရိကန်လူထုကို သမ္မတသစ်အဖြစ် မိန့်ခွန်းပြောချိန်မှာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ခပ်မာမာပြောခဲ့တဲ့ ထရမ့်ဟာ ကပွဲခန်းမအတွင်းမှာတော့ နှစ်လိုဖွယ် ပြုံးရွှင်နေတာကို မြင်တွေ့ကြရပါတယ်။ ထရမ့်ဟာ ကပွဲခန်းမကို မလာခင်မှာ အိမ်ဖြူတော်ကို သွားရောက်ခဲ့ပြီး သမ္မတဟောင်း အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွေကို တတ်နိုင်သမျ လျော့ချသွားဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ကြောင်း ၀ါရှင်တန်ကပေးပို့တဲ့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
4 years Ago
Up