“ကျမသေသွားဖို့ပဲ ဆုတောင်းခဲ့တယ်”-အိုင်အက်စ်ဖမ်းဆီးခံ ၁၂ နှစ်သမီးလေး (ရုပ်သံ)

A d v e r t i s e m e n t With Us

October 26, 2016

“ကျမသေသွားဖို့ပဲ ဆုတောင်းခဲ့တယ်”-အိုင်အက်စ်ဖမ်းဆီးခံ ၁၂ နှစ်သမီးလေး (ရုပ်သံ)

“ကျမ သေသွားခဲ့ဖို့ပဲ ဆုတောင်းနေမိခဲ့တယ်။ အိုင်အက်စ်နယ်မြေမှာနေရတာ ထက် သေသွားတာကမှ ကောင်းသေးတယ်လေ။” အိုင်အက်စ်ဖမ်းဆီးခံဘ၀မှ လွတ်မြောက်လာတဲ့ အီရစ်ထရီးယားနိုင်ငံသူ အသက် ၁၂ နှစ်သမီးလေးက ပြောလိုက်တာပါ။ သူဟာ ပြီးခဲ့တဲ့ သီတင်းပါတ်ကမှ လစ်ဗျားနိုင်ငံ၊ ဆာ့တ်မြို့မှာ အစိုးရထောက်ခံသူတွေနဲ့ အိုင်အက်စ်အကြမ်းဖက်တွေကြား တိုက်ပွဲဖြစ်ရာကနေ လွတ်မြောက်လာတဲ့ ခရစ် ယာန်ဘာသာဝင် အမျိုးသမီး ၁၂ ဦးထဲမှ တဦးဖြစ်ပါတယ်။ သူ့ရဲ့ အိုင်အက်စ်ဖမ်းဆီးခံကာလတွင်း ငရဲခန်းအတွေ့အကြုံတွေကို ပြန်ပြီး ပြော ပြခဲ့တာပါ။ “အိုင်အက်စ်အဖွဲ့ဝင်တွေဟာ ကျမတို့ကို အဓမ္မပြုကျင့်လေ့ရှိကြပြီး ကျမတို့မှာ တခုခုလုပ်စရာ ဘာမှလုံခြုံမှုမရှိပါဘူး။ ကျမတို့ ငြင်းဆန်ရင် ကျမတို့ကို ကြိုးတွေနဲ့ ဇောက်ထိုးချည်ထားပါတယ်။ ပြီးရင်တော့ ကျမတို့ကို အဓမ္မပြုတော့တာပါပဲ။ ကျမတို့မှာ ဘာစွမ်းအားမှ မရှိပါဘူး။ သူတို့လိုချင်တာ ဘာမဆိုလုပ်ပြီးပြီဆိုရင်တော့ ကျမတို့ကို ရောင်းလိုက်တော့တာပါပဲ။ ဒါမှမဟုတ် ကျမတို့ကို ပြပြီး လူတွေကို ခြိမ်းခြောက်တော့တာပေါ့။” သူတို့အုပ်စုဟာ လွန်ခဲ့တဲ့ ၁၈ လ လောက်က လစ်ဗျားနိုင်ငံ၊ သဲကန္တာရတခုကို ဖြတ်သန်းခဲ့ချိန်မှာ အိုင်အက်စ်အကြမ်းဖက်အုပ်စုက ဖမ်းဆီးခံခဲ့ရတာပါ။ သူဟာ မိခင်ဖြစ်သူနဲ့အတူ ဖမ်းဆီးခံထားရတဲ့ ကာလအတွင်းမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ အကြိမ်ကြိမ်ကြိုးစား ခဲ့ကြဖူးတယ်လို့ ပြောပါတယ်။ “ခုချိန်မှာတော့ ကျမရဲ့ ပျော်ရွှင်မှုကို ဘယ်လိုမှ ဖော်မပြတတ်အောင်ပါပဲ။ ကျမ အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျမ အိုင်အက်စ်ဖမ်းဆီးခံဘ၀ကနေ လွတ်မြောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိပါဘူး။ အချိန်တိုင်း ကျမတို့ ထွက်ပြေးလွတ် မြောက်နိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ပြန်ဖမ်းမိတာပါပဲ။ ဒါပေမယ့် ဘုရားသခင်ကို ကျေးဇူး တင်ရမှာပါပဲ”လို့ သူက ပြောပါတယ်။ သူတို့တွေဟာ ဆင်းရဲမွဲတေမှုနဲ့ ကြပ်တည်းမှုတွေကနေ လွတ်မြောက်အောင် အီ ရစ်ထရီးယားနိုင်ငံမှ ထွက်ပြေးလာခဲ့ကြပေမယ့် ခုချိန်မှာ ဒီအဖြစ်အပျက်ကို ဖြတ်သန်းပြီး ချိန်မှာ ဒါကို ကြံ့ကြံ့ခိုင်နိုင်သွားကြတော့မှာပါ။ “ကျမတို့အတွက် လုံခြုံရတဲ့ ဥရောပဆီ ခရီးဆက်ချင်ပါတယ်။ အဲဒီမှာ ကျမတို့ အ ခက်အခဲတွေ အခြေအနေတွေကို မြင်ရသူတွေက ကျမတို့ကို ကူညီပေးနိုင်လိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။”
4 years Ago
Up