ကျပ် ၁၀၀၀ နှင့် ၅၀၀ တန်​ထီ ၂ ​ခု​ပေါင်း ကျပ်​သိန်း နှစ်​​သောင်းခွဲ တံဆိပ်ကပ်ရောင်းချသည့်အ​ပေါ် ​ဝေဖန်

February 10, 2019

ကျပ် ၁၀၀၀ နှင့် ၅၀၀ တန်​ထီ ၂ ​ခု​ပေါင်း ကျပ်​သိန်း နှစ်​​သောင်းခွဲ တံဆိပ်ကပ်ရောင်းချသည့်အ​ပေါ် ​ဝေဖန်

ကျပ်​တစ်​​ထောင်​တန်​နဲ့ ငါးရာတန်​ထီလက်​မှတ်​ နှစ်​ခု​ပေါင်းပြီး ကျပ်​သိန်းနှစ်​​သောင်းခွဲဆု တံဆိပ်​ကပ်​​ရောင်းချ​နေတဲ့အ​ပေါ် ပြည်​သူတွေက ​ဝေဖန်​နေကြပါတယ်။ မ​ကွေးမြို့တွင်းကို ကား​လေးနဲ့ လှည့်လည်​ထီ​ရောင်းတဲ့ ဦး​မောင်​ကိုက​ "ထီလက်​မှတ်​​ဈေးနှုန်း​တွေ မြင့်တက်​သွားပြီး ​လူတိုင်းမထိုးနိုင်​​တော့ ​ရောင်​အားသိပ်​မ​ကောင်းဘူး။ ငါးရာတန်​က​ပေါက်​ရင်​ သိန်းတစ်​​သောင်း၊ တစ်​​ထောင်​တန်​ထီက ​ပေါက်​ရင်​ သိန်းတစ်​​သောင်းခွဲဆု ကို နှစ်​ခု​ပေါင်းပြီး လူ​တွေပိုပြီးစိတ်​ဝင်​စား​အောင်​ ကျပ်​သိန်းနှစ်​​သောင်းခွဲဆိုပြီး လူထုကို လှည့်စားသလိုဖြစ်​​နေတယ်​”လို့​ပြောပါတယ်​။ မ​ကွေးမြို့ ထီဝါသနာရှင်​တဦးဖြစ်​တဲ့ ကိုဝင်းထွန်းက “အမှန်​က​တော့ တ​မျိုးတည်းသာ​ ရောင်းသင့်ပြီး နှစ်​ထပ်​ကွမ်း၊ သုံးထပ်​ကွမ်း ဆိုတာက ထီဆိုင်​​တွေက လုပ်​စားတဲ့သ​ဘောလို့ မြင်​တယ်​။ နိုင်​ငံ​တော်​က ထုတ်​တာက တစ်​​ထောင်​တန်​၊ သိန်းတစ်​​သောင်းခွဲနဲ့ ငါးရာတန်​ သိန်းတစ်​​သောင်း နှစ်​ထပ်​ကွမ်းက မဖြစ်​နိုင်​ဘူး။ ၅၀၀၀၀ ကျပ်​ဆု​တောင်​​ပေါက်​ဖို့ မလွယ်​တာ ကာစတန်​မာကို လှည့်စားတဲ့သ​ဘောပဲ” လို့ ဆိုပါတယ်​။ ထီဆိုင်​ပိုင်​ရှင်​တစ်​ဦးဖြစ်​တဲ့ ကို​မောင်​​မောင်​ဝင်းက "နှစ်​မျိုးလုံကို စိတ်​ဝင်​စားသူ​တွေအတွက်​ နှစ်​ထပ်​ကွမ်း ကျပ်​သိန်းနှစ်​​သောင်းခွဲဆု ထီလက်​မှတ်​​တွေကို ​ရောင်းချ​ပေးပါတယ်​။ ကျပ်​တစ်​​ထောင်​တန်​ ထီလက်​မှတ်​စတင်​ထုတ်​တဲ့လမှာ ငါးရာတန်​ ထီလက်​မှတ်​​ တွေကို ​လျှော့ထုတ်​ထားတာပါ။ တစ်​​ထောင်​တန်​ထီလက်​မှတ်​ကို မြှင့်တင်​ထုတ်​လုပ်​လိုက်​ပြီး ငါးရာကျပ်​တန်​ ထီလက်​မှတ်​​တွေက ​နောက်​ ၂ ကြိမ်​ခန့်​သာ ထုတ်​​တော့မယ်​လို့သိရပါတယ်​"လို့ ​ပြောပါတယ်​။ အောင်ဘာလေသိန်းဆုဌာနခွဲက ​အောင်​ဘာ​လေထီလက်​မှတ်​​တွေကို ​ဖေ​ဖော်​ဝါရီလ ၁ ရက်​​နေ့ ကစပြီး ကျပ်​တစ်​​ထောင်​တန်​ထီလက်​မှတ်​က သိန်းတစ်​​သောင်းခွဲဆု၊ ငါးရာတန်​ထီလက်​မှတ်​ကို သိန်းတစ်​​သောင်းဆု ဆိုပြီး နှစ်​​မျိုး​ရောင်းချ​ပေး​နေတာပါ။   သတင်း-မင်းထီး
2 years Ago
Up