ကျန်းမာရေးအဖွဲ့ကြီး ပြော

December 24, 2016

အီဘိုလာ ကာကွယ်ဆေး တွေ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ပြော

အီဘိုလာ ဗိုင်းရပ်စ်ပိုးအတွက် ထိရောက်တဲ့ကာကွယ်ဆေး တွေ့ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဒီဇင်ဘာ ၂၂ ရက်နေ့က ကြေညာလိုက်ပါတယ်။ အခုတွေ့ရှိတဲ့ ကာကွယ်ဆေးဟာ အာဖရိကတိုက်မှာ အဖြစ်များတဲ့ Zaire-နဲ့ Sudan ဗိုင်းရပ်စ်ပိုးနှစ်ခုအနက် Zaire-ဗိုင်းရပ်ပိုးကို အတော့်ကို ထိထိရောက်ရောက်ကာကွယ်နိုင်တယ်လို့ WHO လက်ထောက်ညွန်ချုပ် DR MARIE-PAULE KIENY က ပြောပါတယ်။ “အီဗိုလာပိုးမရှိသူ နှစ်ဦးကို ကျမတို့ ကာကွယ်ဆေးထိုးပြီး စောင့်ကြည့်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ နောက်ထပ် ၂၃ ဦးကိုတော့ ကာကွယ်ဆေးမထိုးပဲ ထားခဲ့ပါတယ်။ သုညနဲ့ ၂၃ ဆိုပြီး ရှင်တို့ နှိုင်းယှဉ်နိုင်ပါတယ်။ အဲ့ဒီမှာ ကာကွယ်ဆေးက ၁၀၀ ရာခိုင်နှုန်း သက်ရောက်မှု ရှိတာကို ကျမတို့ တွေ့ရပါတယ်။ ကြီးမားတဲ့ လူအုပ်စုအတွက်ဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်း မဟုတ်ဘဲ ၈၀ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ၉၀ ရာခိုင်နှုန်း လောက်ကို အကျိုးရှိနိုင်ပါတယ်။ ဒီအချက်က ကာကွယ်ဆေးဟာ ကောင်းကောင်းသက်ရောက်မှုရှိတယ်ဆိုတာကို ပြသပါတယ်။” “နောက်တစ်ခါ Zaire-အီဘိုလာပိုးကူးစက်တာမျိုးတွေ ဖြစ်လာရင်တော့ ကျမတို့ ကောင်းကောင်းထိန်းချုပ်နိုင်ပြီလို့ ယုံကြည်ပါတယ်။  အီဘိုလာက Zaire-နဲ့ Sudan ဆိုပြီး နှစ်မျိုးရှိပါတယ်။ Sudan အတွက်ကတော့ အခုတွေ့ထားတဲ့ ကာကွယ်ဆေးကို ထပ်ပြီး စမ်းသပ်ရပါမယ်။ ဒါပေမယ့် လောလောဆယ်အခြေနေမှာတော့ အီဘိုလာ ပိုးကြောင့် ၀ရုန်းသုန်းကားဖြစ်ရတဲ့အခြေနေကို ကျမတို့ ထိန်းချုပ်နိုင်ပါပြီ။” ဒီကာကွယ်ဆေးကို ဆေးပညာရှင် Merck ဆိုသူက အီဘိုလာအဖြစ်အများဆုံး နိုင်ငံ ၃ ခုထဲက တခုဖြစ်တဲ့ အာဖရိကအနောက်မြောက်ပိုင်းက Guinea နိင်ငံမှာ စမ်းသပ်ခဲ့တာဖြစ်ပြီး VSV-ZEBOV ကာကွယ်ဆေးလို့ အမည်ပေးထားပါတယ်။
5 years Ago
Up