ကျန်းမာရေးစစ်တမ်း

June 21, 2018

ယူနီဆက်ဖ်နှင့်လက်တွဲပြီး မြောက်ကိုရီးယားအစိုးရ ကျန်းမာရေးစစ်တမ်းစနစ် စတင်

မြောက်ကိုရီးယားအစိုးရဟာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) နဲ့အတူ လက်တွဲပြီး ကျန်းမာရေး စစ်တမ်းစနစ်ကို ဇွန် ၂၀ ရက်မှာ မြို့တော် ပြုံယမ်းကနေ စတင်လိုက်တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ (ကေစီအန်အေ) က အစီရင်ခံပါတယ်။ တေဒုံဂံ သံတမန်ကလပ်မှာ ကျင်းပတဲ့ မိတ်ဆက်ပွဲကို ယူနီဆက်ဖ်ရဲ့ ဒုညွှန်မှူး ရှနဲလ် ဟောနဲ့ တခြား နိုင်ငံခြားကိုယ်စားလှယ်တွေ တက်ရောက်လာပုံ၊ ကလေးတွေကို ကျန်းမာရေး စစ်ဆေးနေပုံ၊ ဓာတ်ပုံတွေကြည့်နေပုံ ရုပ်သံကို ကေစီအန်အေက ရိုက်တာသတင်းဌာနကို ပေးပို့ခဲ့တာပါ။ ဒါပေမယ့် ဒီရုပ်သံကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှု မရှိသေးဘူးလို့ ရိုက်တာက ပြောပါတယ်။ ယူနီဆက်ဖ်ရဲ့ စစ်တမ်းကတဆင့် မြောက်ကိုရီးယား ဗဟိုစာရင်းအင်းဗျူရိုက ၂၀၁၇ ခုနှစ်မှာ ကောက်ယူထားတဲ့ စာရင်းဟာ နိုင်ငံတကာ နည်းလမ်းစနစ်ကို သုံးထားပါတယ်။ နိုင်ငံတကာ ဒဏ်ခတ်မှုကြောင့် ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပေးနိုင်တဲ့ အကူအညီကို ကန့်သတ်ထားပေမယ့် ပြည်သူတွေရဲ့ လိုအပ်ချက် အခြေခံစာရင်းအင်းအရ အာဟာရ၊ ကျန်းမာရေး၊ ရေနဲ့ သန့်ရှင်းရေးစနစ်တွေနဲ့ ပတ်သက်ရင် ကူညီနိုင်တယ်လို့ ယူနီဆက်ဖ်က ပြောထားပါတယ်။
3 years Ago
Up