ကျည်အစစ်အသုံးပြု၍

April 19, 2018

ကျည်အစစ်အသုံးပြု၍ တရုတ် စစ်ရေးလေ့ကျင့် (ရုပ်သံ)

တရုတ်နိုင်ငံဟာ ဧပြီလ ၁၈ ရက်နေ့က နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရိုးတန်းမှာ ကျည်အစစ် အသုံးပြု စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနမှာ ဖော်ပြပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်ကို ရည်ရွယ်သလားဆိုတာကတော့ မသဲကွဲပါဘူး။  တရုတ်အစိုးရက အဆိုပါ စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ကမ်းရိုးတန်းနဲ့ နီးကပ်တဲ့ ကျွန်းစု နှစ်ခုအကြားမှာ ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် အဲဒီနေရာဟာ ၁၉၄၉ ခုနှစ်က စပြီး ထိုင်ဝမ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဧပြီ ၁၉ ရက်နေ့မှာ နိုင်ငံပိုင် CCTV သတင်းဌာနက ရဟတ်ယာဥေ်တွနဲ့ ဒုံးကျည် ပစ်လွှတ်နေပုံတွေကို ပြသခဲ့ပါတယ်။ ဒုတပ်မဟာမှူး ယန်ပေါင်ဝေက  “ကျည်အစစ်လေ့ကျင့်ခန်းဟာ အမှန်တကယ်ကို ခက်ခဲပြီး စည်းကမ်းတင်းကြပ်ပါတယ်။ နည်းဗျူဟာပိုင်းအရ ကျနော်တို့ဟာ လက်နက်ခဲယမ်းမျိုးစုံနဲ့ ညှိနှိုင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်ခန်းဟာ မနက် ၈ နာရီကစလို့ သန်းခေါင်ယံထိ ကြာမြင့်ပြီး နဂိုက ကြေညာထားတဲ့ ထိုင်ဝမ်ရေလက်ကြား စစ်ရေးလေ့ကျင့်မှုနဲ့ အချိန်ကာလချင်း တူနေတယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up