တရုတ်နိုင်ငံအတွင်း အရှည်လျားဆုံး ကျည်ဆန်ရထား ဖှုရှင်းဟာ ပေကျင်း-ရှန်ဟိုင်း ရထားလိုင်းမှာ ဇန်နဝါရီ ၅ ရက်ကစပြီး ပြေးဆွဲပါတယ်။
ရထားသစ်ဟာ ၁ နာရီကို ၃၅၀ ကီလိုမီတာ ခုတ်မောင်းနိုင်ဖို့ ပုံစံထုတ်ထားတာပါ။ တွဲ ၁၇ တွဲ ရှိပြီး ရထားတွဲတွေကလည်း လက်ရှိသုံးနေဆဲ ဖှုရှင်းရထားတွဲတွေထက် ပိုရှည်တယ်လို့ စီစီတီဗွီ သတင်းဌာနမှာ ဖော်ပြပါတယ်။
ရထားဟာ ခရီးသည် ၁၂၈၃ ယောက်ကို တင်ဆောင်နိုင်ပြီး လက်ရှိသုံးနေတဲ့ ဘူတာတွေ၊ စင်္ကြန်တွေနဲ့ တခြားမြန်နှုန်းမြင့် မီးရထားပံ့ပိုးမှု အင်္ဂါရပ်တွေနဲ့တွဲပြီး သုံးနိုင်ပါတယ်။
ရထားနံပါတ်တွေက ဂျီနိုင်းနဲ့ ဂျီဆစ်ခ်တဲင်းတို့ဖြစ်ပြီး သယ်ယူပို့ဆောင်နိုင်စွမ်း အများကြီး တိုးလာတယ်လို့ ပေကျင်းတောင်ပိုင်း ရထားဘူတာအတွက် ပြောခွင့်ရလျန်ကျိုးယုက ပြောပါတယ်။
တရုတ်နိုင်ငံထဲမှာ ပုံစံထုတ် တည်ထောက်ထားတဲ့ ဖှုရှင်းရထားတွေဟာ နေရာပိုကျယ်ပြီး စွမ်းအင်ကို ထိထိရောက်ရောက် သုံးစွဲနိုင်ပါတယ်။
အရင် ရထားပုံစံတွေထက် ဝန်ဆောင်မှု သက်တမ်းပိုကြာပြီး စိတ်ချရမှု ပိုမြင့်တယ်လို့လည်း မီဒီယာတွေက အစီရင်ခံပါတယ်။
ကျန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံဟာ မြန်နှုန်းမြင့် ရထားလမ်းတွေကို အမြန် တည်ဆောက်ခဲ့တာပါ။
ခုတော့ ကမ္ဘာ့အရှည်ဆုံး မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်ကို ပိုင်ဆိုင်ထားပြီး ကွန်ရက်ရဲ့ ၃ ပုံတပုံဟာ တနာရီကို ကီလိုမီတာ ၃၅၀ မြန်နှုန်းနဲ့ မောင်းနိုင်ဖို့ ပုံစံ ထုတ်ထားပါတယ်။
4 years Ago