ကျင်းဆုဒါး ရွက်ဆီရိ

July 15, 2015

လှပသော ထိုင်းလက်ထောက်မြို့နယ်အုပ်ချုပ်ရေးမှူး လူမှုကွန်ရက်တွင် ကျော်ကြား

ခုတလော ထိုင်းလူမှုကွန်ရက်မှာ ဟိုးလေးတကြော် ဖြစ်သွားတာကတော့ လက်ထောက်မြို့နယ် အုပ်ချုပ်ရေးမှူးမလေးတယောက် အကြောင်းပါ။ သူကတော့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဘင်းကန်ခရိုင် ဘင်းကန်မြို့နယ်အုပ်ချုပ်ရေးရုံးက လက်ထောက်မြို့နယ်မှူးလည်းဖြစ် အထူးစုံစမ်းစစ်ဆေးရေး အရာရှိလည်းဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် မိန်းမပျို  ကျင်းဆုဒါး ရွက်ဆီရိ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကမှ အလုပ်စ၀င်တာဖြစ်ပြီး စက်ချုပ်ဆိုင်က အော်ဒါချုပ်ထားတဲ့ ရုံးယူနီဖောင်းဝတ်စုံတွေ လာပို့ရာမှာ သူက တော်၊ မတော် ၀တ်ကြည့်ရင်း  လုပ်ဖော်ကိုင်ဘက်တွေနဲ့ စလိုက်နောက်လိုက် ခန္ဓာကိုယ် အရှေ့ပိုင်းရော အနောက်ပိုင်းပါ စတိုင်အမျိုးမျိုးပေးပြီး ဓာတ်ပုံရိုက်ကာ ကိုယ်ပိုင်ဖေ့စ်ဘုတ်ပေါ် တင်ခဲ့ပါတယ်။ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် ပြန့်သွားတဲ့အခါ ပြည်သူ့ဝန်ထမ်းတယောက်အနေနဲ့  မလုပ်သင့်တဲ့အကြောင်း ပြစ်တင်ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့သလို  မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း သူ့ကို ခေါ်ယူ သတိပေးခဲ့ပါတယ်။ ကျင်းဆုဒါးကလည်း သူ့အနေနဲ့ အစိုးရဌာနနဲ့ တာဝန်ဝတ္တရားပေါ် မထေမဲ့မြင် ပြုလုပ်ဖို့ ရည်ရွယ်ချက် မရှိကြောင်း၊ အပေါင်းအသင်းများနဲ့ အပျော်သဘော ပြုမူမိတာမို့ ရုံးက တာဝန်ရှိသူတွေကိုရော လူမှုကွန်ရက်အသိုင်းအ၀ိုင်းကိုပါ  ပြန်လည်ဝန်ချတာင်းပန်ခဲ့ပါတယ်။ သတင်းဓာတ်ပုံ - picpost.mthai.com  
6 years Ago
Up