ကျခံရနိုင်

August 13, 2017

ငွေကြေးခ၀ါချမှုဖြင့် သြစတြေးလျ အကြီးဆုံးဘဏ်ကြီး ဒဏ်ငွေဒေါ်လာ ၇၈၆ ဘီလီယံ ကျခံရနိုင်

သြစတြေးလျနိုင်ငံက အကြီးဆုံး Common wealth bank ဟာ ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၇၈၆ ဘီလီယံ ကျခံရဖွယ် ရှိနေပါတယ်။ သြစတြေးလျရဲ့ အကြီးအကျယ်ဆုံး ငွေကြေး အရှုပ်တော်ပုံ ဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာ ပါဝင်ပါတ်သက်မှု ရှိနေတဲ့ Commonwealth Bank ရဲ့ CEO က သူတို့ရဲ့ စွပ်စွဲခံနေရတဲ့ ပြစ်မှုတွေအတွက် သက်သေအထောက်အထားတခုမှမရှိဘူးလို့ ပြောခဲ့ပါတယ်။ “ဈေးကွက်ထဲကို ဘဏ်အသစ်တွေ ဝင်လာပြီဆိုရင် သတိထားရတယ်။ သူတို့ရဲ့ အင်အားကို သိဖို့လိုသလို သူတို့ဟာ စီမံရေးရာကို နိုင်နင်းရဲ့လား ရှုံးနိမ့်မှုအတွက် ပြင်ဆင်မှုတွေရှိရဲ့လား ဆိုတာကိုလည်း ကြည့်ရမယ်။ ၁၉၉၂ ခုနှစ်ကို ပြန်ကြည့်လိုက်ရင် အရှုံးမခံနိုင်လို့ ညတွင်းချင်း ပျောက်သွားတဲ့ တစ်ဆင့်ခံ ကုမ္ပဏီတွေ ရှိတယ်။” လို့ ဆစ်ဒနေ နည်းပညာတက္ကသိုလ် နည်းပြ တစ်ယောက်ကပြောပါတယ်။ Common wealth Bank ကတော့ အခုပြဿနာတွေဟာ သူတို့သုံးတဲ့ software တွေရဲ့ နည်းပညာပိုင်း မှားယွင်းမှုတွေကြောင့်ဖြစ်ကြောင်း၊ အခုချိန်မှာ ပြန်လည်ပြင်ဆင်ပြီးပြီလို့ ပြောပါတယ်။ Commonwealth Bank က အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေအတွက် အယူခံ ဝင်သွားမယ်လို့ သိရပါတယ်။
4 years Ago
Up