ကျခံရမည်

December 3, 2017

ရုရှားကမ္ဘာ့ဖလားတွင် အကျည်းတန်လုပ်ရပ် ပြုမူပါက ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရမည်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာသာ အကျည်းတန်လုပ်ရပ်တွေ ပြုမူခဲ့မယ်ဆိုရင် အင်္ဂလန် ဘောလုံးလူရမ်းကားတွေအနေနဲ့ ရုရှားနိုင်ငံက ထောင်တွေမှာ ၈ နှစ်ကနေ ၁၅ နှစ်နီးပါးထိ ပြစ်ဒဏ်ကျခံရဖို့ ရှိနေပါတယ်။ ပရိသတ်တွေကို စော်ကားတဲ့ အမျိုးသားရေးလှုံ့ဆော်တဲ့ သီချင်းတွေ မသီဆိုကြဖို့လည်း ရုရှားအာဏာပိုင်တွေက သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဘောလုံးပွဲလက်မှတ်တွေကိုလည်း မှောင်ခိုရောင်းမစားဖို့ ထုတ်ပြန်ထားပြီး ရောင်းချပါကလည်း ဒဏ်ကြေးမြင့်မားစွာ ပေးဆောင်ရဖို့ ရှိနေပါတယ်။ လက်မှတ်မှောင်ခိုတစောင် ရောင်းချခဲ့ရင် ပေါင် ၃၀၀၀ ကနေ ပေါင် ၂၀၀၀၀ ထိ ဒဏ်ကြေး ဆောင်ရမှာဖြစ်ပြီး လက်မှတ် ၅ စောင်ထိ မှောင်ခိုရောင်းချမယ်ဆိုရင်တော့ ပေါင် ၁ သိန်းထိ ဒဏ်ကြေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူစည်ကားရာ နေရာတွေမှာလည်း အရက်သေစာ မသောက်စားရ အမိန့် ထုတ်ထားပြီး သက်ဆိုင်ရာအမှုအလိုက် ဒဏ်ကြေးပေးဆောင်ရမှာပဲ ဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေဟာ ဇွန်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့ထိ တလတာ ကျင်းပသွားမှာဖြစ်ပြီး ခြေစစ်ပွဲအောင် အသင်းပေါင်း ၃၂ သင်းဟာ မြို့ပေါင်း ၁၁ မြို့ရဲ့ ဘောလုံးကွင်း ၁၂ ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။
3 years Ago
Up