ကံကြီးဘူတာအနီး

September 15, 2017

ကံကြီးဘူတာအနီး ရထားနှင့်​သုံးဘီးဆိုင်​ကယ်​တိုက်​၊ ၂ ဦးသေ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ကံကြီးဘူတာအနီးမှာ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က သုံးဘီးဆိုင်ကယ်နဲ့ စာပို့ရထားတိုက်မိပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ တောင်တွင်းကြီး-မြို့သစ် ရထားလမ်းနဲ့ ကံကြီးတောင်-ဒန့်သလွန်ပင် ရွာချင်းဆက်လမ်းဆုံမှာ သုံးဘီးဆိုင်ကယ်နဲ့ နေပြည်တော်-ချောက် စာပို့ရထားတိုက်မိခဲ့ပြီး သုံးဘီးဆိုင်ကယ်ပေါ်က ခရီးသည် ကျား ၂ ဦးသေဆုံးပြီး ကျား ၂ ဦး၊ မ ၂ ဦး စုစုပေါင်း ဒဏ်ရာရရှိသူ ၄ ဦးမှာ (စိုးရိမ်ရ) တောင်တွင်းကြီး ပြည်သူ့ဆေးရုံနဲ့ နေပြည်တော်ဆေးရုံကြီးတို့မှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ ဒန့်သလွန်ပင်ရဲစခန်းက သုံးဘီးဆိုင်ကယ်ယာဉ်မောင်း ဇော်ဇော်အောင် ဒဏ်ရာရ (မစိုးရိမ်ရ) (တောင်တွင်းကြီးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူ) ကို ရာဇသတ်ကြီးပုဒ်မ - ၃၃၇ / ၃၃၈ / ၃၀၄-က တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သားကြီး (တောင်တွင်းကြီး)
4 years Ago
Up