ကံမမြို့နယ်တွင် ​လေပြင်းတိုက်​စာသင်ကျောင်းနှင့် လူ​နေအိမ်​များပျက်​စီး

May 21, 2018

ကံမမြို့နယ်တွင် ​လေပြင်းတိုက်​စာသင်ကျောင်းနှင့် လူ​နေအိမ်​များပျက်​စီး

  မ​ကွေးတိုင်း​ဒေသကြီး၊ ကံမမြို့နယ်​​၊ ​ပြောင်​ကျ​ရွာမှာ မေ၂၀ရက် ​ည​နေ၃နာရီ လောက်က မိုးသက်​​လေပြင်းတိုက်​ခတ်​လို့ အလယ်​တန်း​ကျောင်းခွဲ စာသင်​​ဆောင်နှစ်ဆောင် နဲ့ လူ​နေအိမ် ​၁၈လုံး အမိုးတွေလန်ကာ ပျက်စီးသွားပါတယ်။ ဒေသခံရွာသား ကို​အောင်​​ကျော်​က "စာသင်​​ဆောင်​နှစ်လုံးနဲ့ အိမ်​၁၈လုံးရဲ့ အမိုး​တွေ​လန် သွားတယ်​။ လော​လောဆယ်​နီးစပ်​ရာ​ဆွေမျိုး​တွေအိမ်​မှာ ​ခေတ္တ​နေ ​နေရတယ်​။ အပျက်​အစီး စာ ရင်း​တွေ တွက်​​နေကြတယ်​"လို့ပြောပါတယ်။ တိုင်းဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ် ​ဦးမြင့်​​အောင်​ကတော့ လေဘေး  သတင်းရရခြင်းသွားရောက် အားပေးစကားပြောကြားခဲ့ပြီး လတ်တလော အစိုးရအဖွဲ့ကို အ​ကြောင်းကြား တင်​ပြထားတယ်လို့ပြောပါတယ်။ ​လေပြင်းတိုက်​ခတ်​မှုကြောင့်  နေအိမ်တွေက သွပ်နဲ့ သစ်မျှားတန်းတွေအပါအ၀င် ပျက်စီးဆုံးရှုံးမှု စုစုပေါင်း ခန့်မှန်းချေ  ကျပ်သိန်း ၃၀ ကျော်ဖိုးလောက် ပျက်​စီးခဲ့ပြီး လူနဲ့ တိရစ္ဆာန်တွေကတော့ ထိခိုက်​ပျက်​စီးမှု မရှိဘူးလို့  ရဲမှတ်​တမ်းအရသိရပါတယ်​။ ​နေမှူးလူ
4 years Ago
Up