ကံမမြို့နယ်တွင် လေပြင်းကြောင့် နေအိမ်များ ပြိုကျ

A d v e r t i s e m e n t With Us

April 30, 2016

ကံမမြို့နယ်တွင် လေပြင်းကြောင့် နေအိမ်များ ပြိုကျ

မကွေးတိုင်း၊ ကံမမြို့နယ်ထဲမှာ ဧပြီ ၂၉ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်၊ မိုးရွာ၊ မိုးသီးကြွေတာကြောင့် အိမ်အချို့ပြိုကျခဲ့ပြီး ဓာတ်အားလိုင်း ဓာတ်တိုင်တွေ ပြိုလဲကျခဲ့ပါတယ်။ မကွေးတိုင်း၊ ကံမမြို့နယ်ထဲက ထန်းကောက်၊ ပွတ်စု၊ စံပယ်ခြုံ၊ ညောင်ပင်ကွင်း၊ စတဲ့ ကျေးရွာတွေမှာ တိုက်ခတ်သွားတဲ့ လေပြင်းနဲ့ မိုးသီးကြွေ၊ မိုးရွာမှုကြောင့် ထန်းကောက်ရွာမှာ အိမ် ၄ လုံးပြိုကျပြီး အိမ် ၁၀ လုံးအမိုးလန်ကာ လျှပ်စစ်မီးတိုင် ၂၄ တိုင် ပြိုလဲကျခဲ့ပါတယ်။ ပွတ်စုရွာမှာတော့ အိမ် ၁ လုံးပြိုပြီး ၈ လုံး အမိုးလန်ခဲ့ကာ စံပယ်ခြုံကျေးရွာနဲ့ ညောင်ပင်ကွင်းရွာတွေမှာလည်း အိမ်အချို့ပြိုကျခဲ့ပြီး ဘုန်းတော်ကြီးတကျောင်းပါ ပျက်စီးခဲ့ပါတယ်။ သတင်းဓာတ်ပုံ - မင်းညို  
5 years Ago
Up