ကံမ

January 6, 2022

ကံမမြို့နယ် NLD အလုပ်အမှုဆောင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်မှာ ဒီဇင်ဘာ ၅ ရက်နေ့ နေ့လယ်လောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မြို့နယ်အလုပ်အမှုဆောင်တစ်ယောက်ကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကံမမြို့နယ် အလယ်ချောင်းကျေးရွာက NLD ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင် ဒေါ်ထားထားလွင် ကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဒေါ်ထားထားလွင်က အသက် ၄၅ နှစ်လောက်ရှိပြီးတော့ ကျန်းမာရေးမကောင်းတဲ့ အကိုဖြစ်သူနဲ့ အတူနေတာဗျ။ အလယ်ချောင်းကျေးရွာမှာ ဗုံးပေါက်ကွဲတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီးတော့ မတရားဖမ်းဆီးခံရတာ။ စစ်ကောင်စီတပ်တွေဟာ ကားတွေနဲ့ လည်ပြီးတော့ သူတို့ မသင်္ကာတဲ့ သူတွေကို တောက်လျှောက် ပတ်ဖမ်းနေကြတာဗျ။ မနေ့က ကြို့ပင်ရွာမှာလည်း တစ်ယောက်ထပ်အဖမ်းခံရပြီးတော့ ကံမမြို့ပေါ်က တစ်ယောက်ကိုလည်း လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့အချိန် မေးစရာရှိလို့ဆိုပြီး စစ်ကောင်စီတပ်တွေက လာခေါ်သွားကြတယ်။”

ကံမမြို့နယ်မှာ ဇန်နဝါရီ ၄ ရက်နေ့က မြို့နယ်ထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီရဲ့ နေရာ ၇ ခုမှာ ဗုံးပေါက်ကွဲခဲ့ပြီး မနေ့က မွန်းလွဲပိုင်းမှာလည်း ခရိုင်ရဲမှူး လိုက်ပါလာတဲ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ ရတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေ ဖမ်းဆီးခံရတဲ့ အခြေနေကို အသေးစိတ် သိရှိနိုင်ဖို့ ကံမမြို့မရဲစခန်းကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။

2 weeks Ago

January 18, 2019

ကံမတွင်​ ၃ ရက်​အတွင်း တရားမဝင်​သစ်​တန်​ ၁၅၀ ခန့် ​​ဖမ်းမိ

မ​ကွေးတိုင်း​ဒေသကြီး သရက်​ခရိုင်​ ကံမမြို့နယ်​မှာ ၃ ရက်​အတွင်း တရားမဝင်​သစ်​ခွဲသား တန်​ ၁၅၀ လောက်​ ဖမ်းဆီးမိခဲ့တယ်​လို့ တိုင်​​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​ဇော်​ဝင်းက ​ပြောပါတယ်​။ တရားမဝင်​သစ်​​တွေကို သတင်းအရ ရှာ​ဖွေမှု ပြုလုပ်​ခဲ့ရာမှာ ပုသိမ်​-မုံရွာ ကားလမ်းအနီး ကြို့ပင်​တိုက်​နယ်​ စီရွာနဲ့ စီ​ချောင်းအနီးတဝိုက် ​တွေ့ရှိခဲ့တာလို့ ဆိုပါတယ်​။ “ပုသိမ်​-မုံရွာ လမ်းက​နေ ​တောထဲကို ညပိုင်း ၂ မိုင်​​ကျော်​​ကျော်​ ဝင်​​ရောက်​ပြီး ရှာ​ဖွေ​တွေ့ရှိခဲ့တာ။” ဖမ်းစီးရမိ​တဲ့ သစ်​တွေထဲမှာ ပျဉ်းကတိုး ၆ တန်​လောက်သာ ပါဝင်​ပြီး ကျန်​တာတွေက ကျွန်းခွဲသားတွေဖြစ်​​ကြောင်း ကံမမြို့နယ်​ သစ်​​တောဦးစီးမှူး ဦးရဲထွဋ်ထံက သိရပါတယ်​။ ဒီသစ်တွေကို ကံမမြို့နဲ့ဝေးလန်တဲ့ ရခိုင်ရိုးမနဲ့ မင်​တုန်း ရိုးမတို့က သယ်​​ဆောင်​လာတာလို့ ဆိုပါတယ်​။ ဇန်​နဝါရီ ၁၅ ရက်​​နေ့မှ ဇန်​နဝါရီ ၁၇ ရက်​​နေ့အထိ ကျွန်းခွဲသား​ပေါင်း ၁၂၁၀ ​ချောင်း (၁၄၁.၀၉၉၃ ) တန်​နဲ့ ပျဉ်းကတိုးခွဲသား ၄၇) ချောင်း (၆.၇၆၈၈) တန်​တို့ကို ပိုင်​ရှင်​မဲ့ အဖြစ်​ သိမ်းဆည်းရမိခဲ့တယ်​လို့ သိရပါတယ်​။ ကိုလင်း(​ချောက်​) ဓာတ်ပုံ-ကံမမြို့နယ် သစ်တောဦးစီး
3 years Ago
Up