ကံဘဲ့လမ်းဆုံ

September 9, 2021

တွံတေးမြို့နယ် ကံဘဲ့လမ်းဆုံတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရန်တိုင်းတိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကံဘဲ့လမ်းဆုံမှာ စက်တင်ဘာ ၉ ရက် မနက် ၉ နာရီခွဲလောက်က ကံဘဲ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်ခံရ​ပြီး သေဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ပစ်ခတ်ခံရသူဟာ တွံတေး ကံဘဲ့အုပ်ကြီးလို့တော့ သိရတယ်။ နောက်ကနေ ခေါင်းကို ပစ်သွားတာ၊ ဘယ်သူမှလည်း အနားမကပ်ရဲဘူးလို့၊ ပစ်ခတ်တဲ့သူကိုတော့ မ မိလိုက်ဘူး” လို့ ပြောပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တွံတေးမြို့နဲ့ လှိုင်သာယာဆက်သွယ်ထားတဲ့ တံတားမှာ စစ်ကောင်စီက တားဆီးစစ်ဆေးမှုတွေ ပြုလုပ်နေ​တယ်လို့ သိရပါတယ်။

1 month Ago
Up