ကံပေါက်သပိတ်

May 27, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၀၉ ရက်မြောက် ကံပေါက်သပိတ်စစ်ကြောင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ၁၀၉ ရက်မြောက်အဖြစ် ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ 

ဆန္ဒပြသူ အင်အား ၅၀ လောက် ဖမ်းဆီးထိန်းသိမ်း​ခံထားရတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကိုလည်း ထောက်ခံကြောင်းနဲ့ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။

7 months Ago
Up