ကံထူးရှင် မပေါ်သေးသည့် အမေရိကန်ထီ ဆုကြေး ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအထိဖြစ်

January 11, 2016

ကံထူးရှင် မပေါ်သေးသည့် အမေရိကန်ထီ ဆုကြေး ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအထိဖြစ်

အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ဆုကြေးငွေအများဆုံးထီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၉၀၀ တန်ထီကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၉ ရက်နေ့က ဖွင့်လှစ်ခဲ့ပေမယ့် ကံထူးသူ မရှိခဲ့တဲ့အတွက် လာမယ့် ဇန်န၀ါရီ ၁၃ ရက်နေ့ ထီဖွင့်တဲ့အခါမှာ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံနဲ့ ဆုကြေးငွေအများဆုံးထိ ဖြစ်လာပါတယ်။ ဇန်န၀ါရီ ၉ ရက်နေ့က ဖွင့်လှစ်လိုက်တဲ့ အမေရိကန်ဒေါ်လာ သန်း ၉၀၀ တန်ထီမှာ ကံထူးသူရှိခဲ့ရင် အမေရိကန်ဒေါ်လာ ၅၅၈ သန်းအထိ တလုံးတခဲတည်း ထုတ်ယူနိုင်မှာပါ။ ဒီ Power Ball အထူးဆုကြီးကို အမေရိကန်ပြည်နယ် ၅၀ ရဲ့ ၄၄ ပြည်နယ်မှာ အပတ်စဉ် တနင်္ဂနွေနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဖွင့်လှစ်ပေးတာပါ။ ထီဖွင့်တဲ့နေ့တွေမှာ ကံထူးသူမရှိခဲ့ရင် ဆုကြေးငွေကို လာမယ့်တပတ်အတွက် ထည့်ထည့်ပေါင်းသွားလို့ လာမယ့် ဗုဒ္ဓဟူးနေ့၊ ဇန်န၀ါရီ ၁၃ ရက် ထီဖွင့်တဲ့နေ့မှာ ကံထူးတဲ့သူဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအထိ ဆွတ်ခူးမှာဖြစ်ပြီး စံချိန်တင်ဆုကြေးငွေလည်း ဖြစ်လာတာပါ။ ဆုကြေးငွေကို တလုံးတခဲတည်း မထုတ်ယူဘဲ နှစ်စဉ် ဖြည်းဖြည်းချင်း ထုတ်ယူရင်တော့ ကံထူးသူဟာ ၂၉ နှစ်ကျော်ကြာ ထုတ်ယူရမှာဖြစ်ပြီး တလုံးတခဲတည်း ထုတ်ယူရင်တော့ ဆုကြေးငွေ အပြည့်မရရှိပါဘူး။ ဒီ Power Ball အထူးဆုကြီးဟာ အမေရိကန်ထီအစောင်ရေ ၂၉၂ သန်းမှာမှ တစောင်ဖြစ်တယ်လို့ အမေရိကန်ထီအာဏာပိုင်တွေက ပြောဆိုပါတယ်။
6 years Ago
Up