ကံတရား

August 12, 2021

ချန်ပီယံလိဂ်ဖလားရရှိရန် ခြေစွမ်းအပြင် ကံတရားဖေးမမှုလိုအပ်ဟု မက်ဆီပြော

ဥရောပချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ဖို့ဆိုရင် ခြေစွမ်းကောင်းလိုအပ်သလို ကံတရားဖေးမ မှုလည်းလိုအပ်တယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှူးသစ် မက်ဆီကပြောပါတယ်။

အသင်းသစ်မှာတောင့်တင်းတဲ့လူစာရင်းရှိနေပြီး ချန်ပီယံလိဂ်ဆုဖလားရယူဖို့အဆင်သင့် ဖြစ်နေပေမယ့် ကံတရားဖေးမမှုလည်းလိုအပ်တယ်လို့ မက်ဆီကပြောပါတယ်။

မက်ဆီက “ကျနော် ဒီကို လာတာဟာ ချန်ပီယံလိဂ်ဆုဖလားကို နောက်ထပ်တစ်ကြိမ်ရယူဖို့ပါ။ ဒါပေမဲ့ လွယ်တော့မလွယ်ပါဘူး။ တခါတလေမှာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ရင်တောင်  ချန်ပီယံလိဂ်ဖလားရချင်မှရတာပါ။ ဒါက ဘောလုံးပဲလေ။ ချန်ပီယံဖြစ်ဖို့ အလွန်ခက်ပါတယ်။ အလွန်ကောင်းပြီး ညီညွတ်တဲ့အသင်းဖြစ်ဖို့ လိုတယ်။ အဝတ်လဲခန်းကလည်း တစ်သွေးတည်း တစ်သားတည်း  ဖြစ်ဖို့လိုပေမယ့် ကံတရားဖေးမမှု ကလည်း လိုအပ်ပါသေးတယ်”လို့ မက်ဆီက ပြောပါတယ်။ 

လီယွန်နယ်မက်ဆီဟာ ချန်ပီယံလိဂ် ဆုဖလားကို ၂၀၁၅ ခုနှစ်က နောက်ဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။

ချန်ပီယံလိဂ်မှာ ဘာစီလိုနာနဲ့တွေ့ဆုံနိုင်တာကိုလည်းသိရှိထားပြီး ဘာစီလိုနာကွင်းမှာ ပြန်ကစားရမယ်ဆိုရင်လည်း  နှစ်သက်စရာဖြစ်တယ်လို့ မက်ဆီကပြောပါတယ်။ ဒါပေမဲ့ ဘာစီလိုနာကို တခြားအသင်းဂျာစီနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်အခြေအနေက တစိမ်းဆန်ဆန် ခံစားရလိမ့်မယ်လို့လည်း မက်ဆီကပြောပါတယ်။ 

4 months Ago
Up