ကော်နာဒွိုင်ယာ

October 13, 2019

တားမြစ်ဆေးကြောင့် အပိတ်ခံရသည့် ရေကူးချန်ပီယံ ကော်နာဒွိုင်ယာ အားကစားလောကမှ အနားယူ

အိုလံပစ် ရေကူးအားကစားပြိုင်ပွဲ နှစ်ထပ်ကွမ်း ရွှေတံဆိပ်ဆုရှင် ကော်နာဒွိုင်ယာဟာ တားမြစ်ဆေးသုံးစွဲခဲ့လို့ လပေါင်း ၂၀ ကြာပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရပြီးနောက် အားကစားလောကကနေ အပြီးတိုင်အနားယူသွားပါတယ်။ ကော်နာဒွိုင်ယာဟာ ၂၀၁၆ ရီယိုအိုလံပစ်မှာ နာမည်ကြီး ရေကူးချန်ပီယံ မိုက်ကယ်ဖဲလ် နဲ့အတူ လေးယောက်တွဲ မီတာ ၂၀၀ အလွတ်ကူးနဲ့ မီတာ ၄၀၀ အလွတ်ကူးပြိုင်ပွဲတွေကနေ ရွှေတံဆိပ်ဆု ၂ ဆုရယူပေးခဲ့သူဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ဒွိုင်ယာအနေနဲ့ လာမယ့်တိုကျိုအိုလံပစ်နဲ့ လုံးဝလွဲချော်ရတော့မှာ ဖြစ်တဲ့အပြင် အမေရိကန်တားမြစ်ဆေးသုံးစွဲမှုလျော့ချရေးအေဂျင်စီရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် အခုလို ရေကူးအားကစားလောကကနေ အနားယူခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။
2 years Ago
Up