ကော်စတာရီကာနိုင်ငံ

June 27, 2020

ကမ္ဘာလှည့်ခရီးသည်များကို ကော်စတာရီကာနိုင်ငံက ဝင်ခွင့်ပြုတော့မည်

ကော်စတာရီကာနိုင်ငံမှာ နိုင်ငံတကာဧည့်သည်တွေကို လာမယ့် ဩဂုတ် ၁ ရက်နေ့ကစပြီး ဝင်ရောက်ခွင့်ပြန်ပြုတော့မှာကြောင့် ပါဗက်စ်ခရိုင်က ပြည်သူအများအပြားကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ  ဇွန်လ ၂၆ ရက်နေ့က စတင်စစ်ဆေးနေပါတယ်။  ပါဗက်စ်ခရိုင်ဟာ နိုင်ငံမှာ လူဦးရေအထူထပ်ဆုံးဒေသတခုဖြစ်ပြီး မကြာမီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း မြင့်တက်လာလို့ အစိုးရက ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ဒီလ အစောပိုင်းမှာ ပြန်ပိတ်ထားခဲ့တာပါ။  ကော်စတာရီကာမှာ ဒီနေ့မနက်ပိုင်းအထိ အတည်ပြုလူနာဦးရေ ၂,၈၃၆ ဦးနဲ့ သေဆုံးသူ ၁၂ ဦး ရှိတယ်လို့ သိရပါတယ်။ လာမယ့်ဩဂုတ် ၁ ရက်နေ့မှာ ကပ်ဘေးကို ထိန်းချုပ်နိုင်တဲ့နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသည်တွေအတွက် တိုင်းပြည်ကို ပြန်ဖွင့်ပေးတော့မယ်ဆိုပြီး ကော်စတာရီကာ ကျန်းမာရေးဝန်ကြီးက ကြေညာခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago

December 10, 2019

ကော်စတာရီကာနိုင်ငံမှာ လေယာဉ်ငယ်တစင်း အရေးပေါ်ဆင်းသက်

ဒီဇင်ဘာ ၉ ရက်က ကော်စတာရီကာနိုင်ငံမှာ လေယာဉ်ငယ်တစင်း ဘီးပေါက်ပြီး ဆင်းသက်ခဲ့ပေမယ့် လိုက်ပါလာသူ အမေရိကန်ကမ္ဘာလှည့်ခရီးသည် ၄ ယောက်စလုံး ကြီးကြီးမားမား အန္တရာယ်မဖြစ်ခဲ့ပါဘူး။  လေယာဉ်ငယ်ဟာ ဆန်ဟိုဆေးမြို့ ပါဗက်ဇ်ခရိုင်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။ ဒီလို ဆင်းသက်ရာမှာ လိုက်ပါလာတဲ့ ခရီးအားလုံး တည်တည်ငြိမ်ငြိမ်ရှိခဲ့တယ်လို့ လေယာဉ်မှူးက    မီဒီယာကို ပြောခဲ့ပါတယ်။ လေယာဉ်မှူးက သူတို့ဟာ မြေပြင်နဲ့ အဆက်အသွယ်ရခဲ့ပြီး အဲဒီလိုဆင်းတာက   စိတ်မချရဘူးလို့ ပြောခဲ့ပါတယ်။ သူတို့ဟာ အခြေအနေကို ပြောင်းလဲဆင်းသက်ဖို့   ကြိုးပမ်းပေမယ့် အခွင့်အရေး မရခဲ့ဘူးလို့ လေယာဉ်မှူးက ဆိုပါတယ်။ အဲဒါကြောင့် ဆင်းမြဲတိုင်းဆင်းပြီး ခရီးသည်တွေကို အသင့်ပြင်ထားဖို့ မှာခဲ့တယ်လို့ လေယာဉ်မှူးက ဆိုပါတယ်။ အရေးပေါ် ဆင်းသက်တဲ့ လေယာဉ်ကို ဆေးဘက်အဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေက အရန်သင့် စောင့်နေခဲ့ပေမယ့် ခရီးသည်တွေနဲ့ လေယာဉ်မှူးဟာ  ပြင်းပြင်းထန်ထန် အနာတရမဖြစ်ဘဲ အပြင်ကို လမ်းလျှောက်ထွက်လာနိုင်ခဲ့ပါတယ်။
2 years Ago
Up