ကော်စတာ

A d v e r t i s e m e n t With Us

September 14, 2020

ကော်စတာ၊ ဂါရတ်ဘေးလ်နှင့် ပါရီဆစ်တို့ထဲက ၁ ဦးကို မန်ယူအသင်း ခေါ်ယူလို

မန်ယူနိုက်တက်အသင်းဟာ ဆန်ချိုကိုခေါ်ဖို့ လက်လျှော့လိုက်ပြီး ကော်စတာ၊ ဂါရတ်ဘေးလ်နဲ့ ပါရီဆစ်တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။  ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းက ဆန္ဒရှိခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော်အထိ ပေးချေရမှာကို ရှောင်လွဲလိုတာကြောင့် လက်လျှော့ လိုက်ပြီလို့  တယ်လီဂရပ်ဖ်သတင်းစာက ဖော်ပြပါတယ်။  ဆန်ချိုကို လက်လျှော့လိုက်ပေမယ့် တခြားတောင်ပံတိုက်စစ်ကစားသမား ၃ ဦးကို ပစ်မှတ် ထားနေပြီး ဂျူဗင်တပ်က ဒေါက်ဂလပ်ကော်စတာ၊ ရီးရဲလ်က ဂါရတ်ဘေးလ်နဲ့ အင်တာမီလန်က ပါရီဆစ်တို့ကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။  ကော်စတာဟာ ဒဏ်ရာပြဿနာတွေ ရှိတက်တာကြောင့် ဂျူဗင်တပ်က ရောင်းချဖို့ရှိသလို ဂါရတ်ဘေးလ်ကိုလည်း ရီးရဲလ်မက်ဒရစ်က ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။ ဘိုင်ယန်အသင်းမှာ အငှားကစားခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားပါ ရယူနိုင်ခဲ့တဲ့ ပါရီဆစ်က တော့ အင်တာမီလန်မှာ ပြန်ရောက်နေပြီဖြစ်ပြီး ကမ်းလှမ်းမှုရှိလာရင် လက်ခံစဉ်းစားဖွယ်ရှိတယ်လို့ သိရ ပါတယ်။ 
6 months Ago

May 31, 2020

အခွန်ရှောင်မှုဖြင့် အက်သလက်တီကိုတိုက်စစ်မှူးကော်စတာ တရားရင်ဆိုင်ရမည်

အခွန်ရှောင်မှုကြောင့် အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ ဇွန်လ ၄ ရက်နေ့ အမှုရင်ဆိုင်သွားရမှာဖြစ်ပါတယ်။  ကော်စတာဟာ ၂၀၁၄ ခုနှစ်က အက်သလက်တီကိုကနေ ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့ရာမှာ အခွန်ရှောင်မှုကြောင့် တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။   ကော်စတာဟာ အပြောင်းအရွှေ့ကနေရရှိတဲ့ ယူရို ၅ သန်းကျော်ကို မဖော်ပြခဲ့ဘဲ ယူရို ၁ သန်းကျော် အခွန်ရှောင်ခဲ့တာလို့ စွပ်စွဲခံထားရတာပါ။  အစိုးရရှေ့နေတွေဘက်ကတော့ ကော်စတာကို ဆိုင်းငံ့ထောင်ဒဏ် ၆ လနဲ့ ဒဏ်ငွေယူရို ၅ သိန်းကျော် ဒဏ်ရိုက်ဖို့ အလိုရှိနေကြပါတယ်။  ကော်စတာဟာ ၂၀၁၇ ခုနှစ်အထိ ချဲလ်ဆီးအသင်းမှာကစားခဲ့ပြီး  အက်သလက်တီကိုအသင်းဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့တာပါ။ စပိန်အစိုးရရှေ့နေတွေဟာ နာမည်ကြီး ဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီ၊ ရော်နယ်ဒိုနဲ့ နည်းပြမော်ရင်ဟိုတို့ရဲ့ အခွန်ရှောင်တိမ်းတဲ့ အမှုတွေမှာတော့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ 
9 months Ago
Up