ကော့်စ်ဝေးပင်လယ်အော်ဒေသ

May 24, 2020

အမျိုးသားလုံခြုံရေးဥပဒေကို ဟောင်ကောင် ပြည်သူထောင်ချီ ဆန္ဒပြ

တရုတ်အစိုးရက ချမှတ်မယ့် အမျိုးသားလုံခြုံရေးဥပဒေတွေကို ကန့်ကွက်တဲ့အနေနဲ့ ဟောင်ကောင်မှာ  ပြည်သူထောင်ချီ ဆန္ဒပြသူချီတက်ခဲ့ကြပြီး  ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်းရည်တွေနဲ့ ပက်ဖျန်းလူစုခွဲခဲ့ပါတယ်။  ဟောင်ကောင်ရဲ့ လူစည်ကားရာ ဈေးဝယ်ခရိုင်ဖြစ်တဲ့ ကော့်စ်ဝေးပင်လယ်အော်ဒေသမှာ ဆန္ဒပြသူခဲ့ကြတာဖြစ်ပြီး ဟောင်ကောင်လွတ်လပ်ရေးအတွက် ကြွေးကြော်သံတွေကို ဟစ်ကြွေး ခဲ့ပါတယ်။  တရုတ်ပြည်မကြီးဟာ  ဟောင်ကောင်မှာ လုံခြုံရေးဥပဒေတွေကို ပြဋ္ဌာန်းဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင် ကြိုးစားခဲ့တာပါ။   ဒီဥပဒေဟာ တနိုင်ငံ စနစ်နှစ်မျိုး အုပ်ချုပ်မှု နဲ့ ဟောင်ကောင်ကို အာမခံထားတဲ့ လွတ်လပ်ခွင့်တွေကို ကျူးကျော်ထိပါးတယ်လို့ ဟောင်ကောင်ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ပြောတာကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  ဟောင်ကောင်ဟာ လက်ရှိမှာ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၁,၀၆၆ ဦး၊ သေဆုံးသူ ၄ ဦးနဲ့ ပြန်ကောင်းလာသူက ၁,၀၂၉ ဦးရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago
Up