ကော့သောင်းမြို့

February 8, 2021

ကော့သောင်းမြို့ စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြပွဲ ဆရာဆရာများနှင့် ဝန်ထမ်းများ ပါဝင်လာ

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖေဖော်ဝါရီ လ ၈ ရက်နေ့ မနက်က ဒုတိယနေ့အဖြစ် ပြုလုပ်ခဲ့ကြပါတယ်။

ဒီကနေ့ ဆန္ဒဖော်ထုတ်ပွဲမှာ ပြည်သူတွေအပြင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကျောင်းဆရာ ဆရာမတွေ ပါဝင်လာပါတယ်။

ဆန္ဒပြသူတွေက စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ အမေစုနဲ့ ဦးဝင်းမြင့်ချက်ချင်းလွှတ်၊ ဘယ်ပါတီကို မဲထည့်ခဲ့လဲ NLD ကို မဲထည့်ခဲ့တယ်၊ အာဏာရှင်စနစ် ကျဆုံးပါစေ အစရှိတဲ့ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ပါတယ်။

ဆန္ဒပြတဲ့အဖွဲ့တွေက သီရီမြိုင်ရပ်ကွက် ပြည်သူ့ရင်ပြင်နဲ့ ရန်ကြီးအောင်ဘော်လုံးကွင်း ရှေ့တွေမှာ စုရပ်လုပ်ပြီး ဗိုလ်ချုပ်လမ်းတလျှောက်ချီတက်လာကြပြီး အဝိုင်းပတ် အများပြည်သူ နားနေဆောင်ရှေ့မှာ စုကြကာ မြို့တပတ်လမ်းလျောက်ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ဆရာမတဦးက “ဒီမှာပါဝင်တာဟာ ပြည်သူ့အတွက်ပါ... ပြည်သူနဲ့အတူ ရပ်တည်ပါတယ်၊ စစ်အာဏာရှင် စနစ်ကို အလိုမရှိပါဘူး။ အမေစုနဲ့ သမ္မတကြီးကိုလည်း အမြန်ဆုံးလွှတ်မြောက်စေချင်ပါတယ်။ နိုင်ငံတကာကလည်း ဒီအတိုင်း ရပ်ကြည့်မနေစေချင်ပါဘူး။ ပြည်သူကလည်း ရပ်ကြည့်မနေကြပါနဲ့၊ အားလုံး ပူးပေါင်းမှအောင်မြင်နိုင်မှာဖြစ်တယ်”လို့ ပြောပါတယ်။

သတင်း - လတ်ကိုကိုဦး

4 months Ago

October 21, 2020

ကော့သောင်းမြို့ ၁၂ မိုင် စစ်ဆေးရေးဂိတ်၌ ယာဉ်နောက်လိုက် ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့အဝင် ၁၂ မိုင် စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၂၀ ရက်က ရန်ကုန်မှ ဝင်ရောက်လာတဲ့ ယာဉ်နောက်လိုက် တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိတယ်လို့  ဂိတ်တာဝန်ရှိသူက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ကော့သောင်းမြို့ကိုဝင်ရောက်လာတဲ့ မော်တော်ယာဉ်တွေရဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ ရောဂါရှိ မရှိ  အမြန်စစ်ကိရိယာနဲ့ စစ်ဆေးရာမှာ ပိုးတွေ့ရှိခဲ့တာပါ။ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က “ပိုးတွေ့သူကို ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီး အထူးသီးသန့်ဆောင်မှာ ထားရှိကုသမှု ပေးထားမှာပါ၊ လူနာကတော့ အခုကျန်းကျန်းမာမာပါပဲ။ သူနဲ့အတူပါလာသူကိုတော့  ကွာရန်တင်းဝင်ခိုင်းထားပါတယ်။ အရင်ပိုးတွေ့ထားတဲ့ အထူးရဲလည်း သက်သာနေပါ။ ပြီးနောက် ၂ ရက်လောက်ဆိုရင်​ ဆေးရုံကဆင်းလို့ရပြီ”လို့ ပြောပါတယ်။  အခုလက်ရှိ ကော့သောင်းမြို့မှာ ကိုဗစ်-၁၉  ပိုးတွေ့လူနာ ၂ ဦးရှိပြီး တစ်ဦးကတော့ ဆေးရုံက ဆင်းတော့မှာ ဖြစ်တယ်လို့ လို့ရပါတယ်။ အရင်က ကော့သောင်းမှာ ပိုးတွေ့လူနာ မလေးရှားပြန် တစ်ဦးနဲ့ နိုင်ငံခြားသင်္ဘောသား သုံးဦးတွေ့ရှိပြီး ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားပြီ ဖြစ်ပါတယ်။ သတင်း - လတ်ကိုကိုဦး
8 months Ago
More News
Up