ကော့သောင်းထောင်

April 17, 2021

ကော့သောင်းထောင်မှ သရုပ်ဆောင်မင်းအုပ်စိုးအပါအဝင် အကျဉ်းသား ၃၅၀ ကျော် လွတ်မြောက်

တနင်္သာရီတိုင်း၊ ကော့သောင်းထောင်ကနေ သရုပ်ဆောင်မင်းအုပ်စိုးအပါအဝင် အကျဉ်းသား အကျဉ်းသူပေါင်း ၃၅၇ ယောက်ကို အကျဉ်းဦးစီးဌာနက ပြန်လွှတ်ပေးလိုက်တယ်လို့ ပြန်လည် လွတ်မြောက်လာသူတွေက ပြောပါတယ်

ပြန်လည်လွတ်မြောက်လာသူတွေအထဲမှာ အကျဉ်းသား ၃၀၄ ယောက် အကျဉ်းသူ ၆၈ ယောက်နဲ့ ထိုင်းနိုင်ငံသား ၄ ယောက် အပါအဝင် စုစုပေါင်း  ၃၇၅ ယောက် လွတ်မြောက် လာတယ်လို့သိရပါတယ်။

ဒီကနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ  အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေ အသီးသီးကနေ အကျဉ်းသား၊ အကျဉ်းသူပေါင်း နှစ်သောင်းကျော်လွှတ်ပေးခဲ့ တာဖြစ်ပါတယ်။ 

3 weeks Ago
Up