ကော့သောင်း

March 30, 2021

ကော့သောင်းတွင် အကြမ်းဖက်စစ်တပ်နှင့်ရဲ ပစ်ခတ်မှုကြောင့် ၁ ဦးကျဆုံး

ကော့သောင်းမြို့မှာ  မတ်လ ၃၀ ရက်နေ့ မ၀က်ပိုင်းက ရွှေဇင်ယော်ရပ်ကွက်က လမ်းတွေပေါ်မှာ ဆန္ဒပြပြည်သူတွေ ပြုလုပ်ထားတဲ့ အတားအဆီးတွေကို အကြမ်းဖက် စစ်တပ်နဲ့ရဲက လာရောက်ရှင်းလင်း ပစ်ခတ်မှုကြောင်း ပြည်သူ ၁ ဦး ကျဆုံးပြီး အချို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကော့သောင်းမြို့မှာ  စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အနေနဲ့ မြို့ထဲမှာ ဆန္ဒပြမယ့် ခံတပ်တွေ ရှိတဲ့ နေရာတွေကို လိုက်လံရှာဖွေကာ လမ်းရှင်းရန် ပြုလုပ်လာရာမှ အခုလို ပြည်သူ ၁ ဦး သေနတ်နဲ့ ပစ်ခံရတာလို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူမှာ ရွှေဇင်ယော် ရပ်ကွက်မှာနေထိုင်သူ အသက် ၂၂ နှစ်ရှိ ကိုကျော်သူရ ဆိုသူဖြစ်ပါတယ်။

 ကော့သောင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ရဲက ပစ်ခတ်တာကြောင့် ဒီနေ့အထိ ကျဆုံးသူ ၆ ဦးနဲ့ ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရှိရပါတယ်။

2 weeks Ago

March 28, 2021

ကော့သောင်းမြို့တွင် ကျဆုံးသွားသူများ၏ ဈာပန ကျင်းပ

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ စစ်အာဏာရှင်ကို တော်လှန်ရင်း မတ်၂၇ ရက်နေ့က ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေရဲ့ နောက်ဆုံးခရီးကို ဒီနေ့နေ့လယ် ၁ နာရီက  ရွှေပြည်သာ သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး မြို့နေ ပြည်သူအများအပြား လိုက်ပါပို့ဆောင်ပေးခဲကြပါတယ်။

ကော့သောင်းမြို့မှာ မတ်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြတဲ့ လူငယ်​တွေကို အကြမ်းဖက်စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းမှုကြောင့်အမျိုးသား ၄ ဦးနဲ့အမျိုးသမီး ၁ ဦး ကျည်အစစ်ထိမှန် ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေကတော့ ဦးဇော်မင်းဦး (၄၁ နှစ်)၊ မခိုင်ဇင်ထွန်း (၂၁ နှစ်)၊  မောင်ရဲထက်(ခ)စစ်ပိုင်ဦး (၂၁ နှစ်)၊ အမည်မသိအမျိုးသား ၁ ဦးနဲ့ မောင်ရန်ပိုင်ဦး (၁၅ နှစ်) တို့ဖြစ်ပြိး ကော့သောင်းမြို့မှာ စစ်အာဏာရှင်ကို တော်လှန်ရေး  ပထမဆုံး ကျဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

2 weeks Ago
More News
Up