ကော့သောင်

February 28, 2021

ကော့သောင်းတွင် ဆန္ဒပြပြည်သူများကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွဲ ၄ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ  ၂၈ ရက်က စစ်အာဏာဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို ရဲ့နဲ့ စစ်တပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရာဘာကျည်၊ အသံဗုံး၊ မီးခိုးဗုံးတွေနဲ့  အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ 

ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ယောက်ဒဏ်ရာရပြီး ၅ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။  ဒဏ်ရာရသူတွေရဲ့ အခြေအနေ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့လည်း သိရပါတယ်။

လတ်ကိုကိုဦး

3 months Ago

July 4, 2020

ကော့သောင်းတွင် ထိုင်းမှပြန်လာသူများကို Quarantine ထားရှိရန် နေရာအခက်အခဲ ရှိနေ

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူတွေကို Quarantine ထားရှိဖို့ နေရာအခက်အခဲ ရှိနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။ ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းမှတဆင့် ကော့သောင်းနယ်စပ်ဂိတ်ကို ရွှေ့ပြောင်းအလုပ်သမား ၄၁ ယောက်အား ထိုင်းတာဝန်ရှိသူတွေက ဇူလိုင် ၂ ရက်က ထပ်မံ လွှဲပြောင်းပေးအပ်ခဲ့ပြီး နေရာ အခက်အခဲကြုံနေတယ်လို့ ဆိုပါတယ်။ “ကျနော်တို့မှာ အခု Quarantin‌e ထားဖို့ နေရာ အခက်အခဲရှိတယ်။ ရောက်လာတဲ့သူတွေက အသစ်ပေါ့။ ဒါကတအုပ်စု အရင်ရောက်လာပြီး တို့ဖတ်မယူရ​သေးတာက တအုပ်စု၊  တို့ဖတ်ယူပြီးပြီ အဖြေမသိရသေးတာက တအုပ်စု၊ ဒီလိုသတ်သတ်စီခွဲထားရတော့ ကျနော်တို့ဆီမှာ နေရာအခက်အခဲတွေဖြစ်တယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ အားလုံးအဆင်ပြေအောင် စီစဉ်ပေးပါတယ်။ အားလုံး တို့ဖတ်အဖြေထွက်ပြီးမှ ပြန်လက်ခံမယ်၊ ကြားထဲမှာ ၁၀ ရက်လောက်တော့ ကြာဦးမယ်။” နေရပ်ပြန်မြန်မာ​ရွေ့ပြောင်းအလုပ်သမားတွေကို ထိုင်းဘက်ခြမ်း ရနောင်းနဲ့ မြန်မာဘက်ခြမ်း ကော့သောင်းမြို့မ တံတားစစ်ဆေးရေးဂိတ်မှာ လာရောက်လွှဲပြောင်းပေးအပ်ခဲ့တာပါ။ ပြန်လည်ဝင်ရောက်လာသူ ၄၁ ဦးကို ကျန်းမာရေးအဖွဲ့က ကိုယ်အပူချိန်တိုင်းတာ၊ Mask ဝေတာတွေပြုလုပ်ပြီး လဝကအဖွဲ့က နိုင်ငံသား ဟုတ်မဟုတ်စိစစ်တာနဲ့ ကိုယ်ရေးအချက် အလက် ကောက်ယူတာတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ FED ပညာရေးဖောင်ဒေးရှင်း အလုပ်သမားပညာပေး စင်တာကလည်း ပြန်ရောက်လာသူတွေကို တကိုယ်ရေသုံးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ထိုင်းနိုင်ငံက ကော့သောင်းနယ်စပ်ဂိတ်ကို ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း ၁၀၀၀ နီးပါး ရှိသွားပြီလို့ အလုပ်သမားဦးစီးဌာနက သိရပါတယ်။ လတ်ကိုကိုဦး
11 months Ago
More News
Up