ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း

A d v e r t i s e m e n t With Us

November 29, 2020

မူဆယ်မြို့ ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း နေအိမ်တွင် ပေါက်ကွဲမှုဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်က ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း  ဦးလွေလွင်ရဲ့ နေအိမ်မှာ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်း ၆ နာရီခွဲလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တာဝန်ကျ ရဲအရာရှိတဦးက ပြောပါတယ်။ မူဆယ်ရဲစခန်းက ဒုရဲမှူးသန့်ဇော်ဦးနဲ့ အဖွဲ့၊ နယ်မြေမှူး ဦးစိုင်းထွန်းသစ်၊ ဦးကျော်ကျော် တို့ သွားရောက် စစ်ဆေးခဲ့ရာ RC ၁ ထပ်တိုက် အဆောက်အအုံ အမိုးပေါ် ပေါက်ကွဲခဲ့တာဖြစ်ပြီး အမိုးအနည်းငယ်သာ ပျက်စီးကာ လူနဲ့ တိရစ္ဆာန် ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။ စစ်ဆေးချက်အရ အမည်မသိအဖွဲ့တခုက နေအိမ်အတွင်းကို အသံမိုင်းနဲ့ လာပစ်သွားတာလို့ ယူဆရကြောင်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။ ကောင်းခါး ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းရဲ့ နေအိမ်ခြံဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၀(ဈ) နဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၈ နာရီခွဲလောက်ကလည်း မူဆယ် - နမ့်ခမ်း လမ်းမကြီး မန့်ဝိန်းအနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သတင်း - Pra Jaw
3 months Ago
Up