နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့မှာ ကောင်းကင်ရထားတစီးက ပြေးလမ်းအဆုံးကျော်ပြီး ဝေလငါးရုပ်အမြီးပေါ် တင်နေတဲ့ ဖြစ်ရပ်တခု နိုဝင်ဘာ ၂ ရက်မနက်က ဖြစ်ခဲ့ပါတယ်။
အဲဒီကောင်းကင်ရထားဟာ အောက်ကို ၁၀ မီတာခန့် ထိုးဆင်းခဲ့ပေမယ့် ငါးရုပ်မြီးပေါ်မှာ ငြိမ်ငြိမ်လေး တင်နေခဲ့ပါတယ်။
ရထားပေါ်မှာ ခရီးသည် ပါမလာတာကြောင့် အခုလို ကောင်းကင်ရထား ပြေးလမ်းကျော်မှုမှာ တစ်ဦး တစ်ယောက်မှ ဒဏ်ရာရတာ မရှိဘဲ လက်မှတ်ရောင်းသူ တဦးသာ အလန့်တကြား ဖြစ်ခဲ့ပါတယ်။
ဝေလငါးမြီးပေါ် တင်နေတဲ့ ရထားကို အောက်ဘက်လမ်းပေါ်က လမ်းသွားလမ်းလာတွေ မြင်တွေ့နိုင်ပါတယ်။
ဆိုရှယ်မီဒီယာ အတော်များများကတော့ အမြီးပေါ်တင်နေတဲ့ ရထားကို မဖယ်ရှားဘဲ အနုပညာလက်ရာတစ်ခုအဖြစ် ဆက်ထားဖို့ တိုက်တွန်းနေပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီဝေလငါးရုပ်ကို ‘ဝေလငါးပုံပြင် ကယ်တင်ခန်း’ ဆိုပြီး နာမည်ပေးထားတယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago