ကောက်ပဲသီးနှံတွေ အမေရိကန် ဒေါ်လာ ဘီလီယံချီ ပျက်စီးပြီး ရေရှည်မှာ စားနပ်ရိက္ခာ အခက်ကြုံနိုင်တဲ့ ကျိုင်းကောင်အုပ်ကျတဲ့အန္တရာယ်ကို ပါကစ္စတန် လယ်သမားတွေ ရင်ဆိုင်နေရ ပါတယ်။
နွေသီးနှံတွေ ဖြစ်တဲ့ ဝါဂွမ်း၊ ကြံ နဲ့ စပါးတွေကို ရိတ်သိမ်းချိန်မှာ ကျိုင်းကောင်တွေ ဖျက်ဆီးတာနဲ့ ကြုံတွေ့ရတာပါ။
မေလ ၂၆ ရက်က အစ္စလာမ်ဘတ်မြို့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သဘာ၀ ဘေးအန္တရာယ် စီမံခန်ကခွဲရေးအဖွဲ့ (NDMA) အကြီးအကဲက ပါကစ္စတန်ဟာ ကိုဗစ်-၁၉ အပြင် နောက်ထပ် ဘေးအန္တရာယ် နှစ်ခုဖြစ်တဲ့ ကျိုင်းကောင်ကျမှုနဲ့ ရေဘေးကို သတိပေးခဲ့ပါတယ်။
နိုင်ငံတဝန်းမှာ ကျိုင်းကောင် နှိမ်နင်းရေး လုပ်ဆောင်ဖို့ အမျိုးသားကျိုင်းကောင် ထိန်းချု့ပ်ရေးစင်တာ (NLCC) ကို ဖွဲ့စည်းထားတယ်လို့လည်း အကြီးအကဲက ပြောခဲ့ပါတယ်။
ကျိုင်းကောင်နှိမ်နင်းရေးကို NDMA အဖွဲ့ ၁၅၀၀ အကူအညီ နဲ့ စတင်နေပြီး ပါကစ္စတန် စစ်တပ်က တပ်ဖွဲ့ဝင် ၅,၀၀၀ ကို တာဝန်ပေးထားပါတယ်။
ဒါ့အပြင် ပါကစ္စတန်စစ်ရဟတ်ယာဉ် ၅ စင်း အပါအဝင် လေယာဉ် ၉ စင်းနဲ့ လေကြောင်းကနေ ပိုးသတ်ဆေးဖျန်းတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
ကျိုင်းကောင်အုပ်တွေဟာ ကောင်ရေ သန်း ၅၀၀ အထိ ပါဝင်သွားလာကြပြီး တနေ့ကို မိုင် ၉၀ အထိ ခရီးသွားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်စတုရန်းမီတာမှာ ကျိုင်းကောင်ဥ တစ်ထောင်ခန့် ဥ,ဥ နိုင်တယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
8 months Ago