ကောက်စိုက်နေ

July 28, 2020

ဖျာပုံမြို့နယ်တွင် ကောက်စိုက်နေသည့် အမျိုးသမီး ၁ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ  ဇူလိုင် ၂၆ ရက် ညနေ ၃ နာရီခွဲလောက်က  လယ်ကွင်းထဲမှာ ကောက်စိုက်နေစဉ် အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ချခံရလို့ သေဆုံးသွားပါတယ်။ ဖျာပုံမြို့နယ်၊ အစီးကလေးကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာနေ ဒေါ်ကြည်(၅၇နှစ်)ဟာ လယ်ကွင်းထဲမှာ ကောက်စိုက်နေစဉ် ရုတ်တရက် မိုးရွာသွန်းပြီး မိုးကြိုးပစ်ချခံရလို့ မျက်နှာနဲ့ ဦးခေါင်း၊ ခန္ဓာကိုယ်တို့မှာ  မီးလောင် ညိုမဲဒဏ်ရာတွေရပြီး သေဆုံးသွားတာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးရဲ့မိသားစုကို ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းက စာဖြူစု ကျေးရွာသို့ သွားရောက်ပြီး ငွေကျပ် ၃ သိန်းထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ် မိုးရာသီအတွင်းမှာ ဖျာပုံခရိုင်အတွင်း မိုးကြိုးပစ်ခံရလို့ သေဆုံးသွားတဲ့ သူ ၄ ဦးရှိတယ်လို့ ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။ သတင်း - ကျော်စိုးမိုး 
3 years Ago
Up