မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ကေအန်ယူတပ်ဖွဲ့
Home
ကေအန်ယူတပ်ဖွဲ့
A
d
v
e
r
t
i
s
e
m
e
n
t
With Us
May 16, 2020
2.1K
ဖာပွန် ကူးဆိပ်တံတားတွင် တပ်မတော်နှင့် ကေအန်ယူတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွား
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွား ကားလမ်းမကြီးပေါ်က ကူးဆိပ်တံတားမှာ တံတားလုံခြုံရေး တာဝန်ယူထားတဲ့ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ မိနစ် ၂၀ လောက် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကူးဆိပ် တံတားလုံခြုံရေး တာဝန်ယူထားတဲ့ ခမရ ၄၁၀ နဲ့ ကေအန်ယူတို့ တံတားအနီးမှာ မေ ၁၆ ရက် မနက် ၇ နာရီခန့်က မိနစ် ၂၀ ကြာ နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
ဖာပွန်မြို့နယ်၊ ဝှေ့မှုန်ကျေးရွာ၊ ဦးသန်းဝင်းက “နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်တယ်။ အပေါ်မှာ အန်စီအေအရတော့ ပစ်ခတ်ရပ်စဲထားပေမယ့် အောက်ခြေမှာ ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေက အထိတ်တလန့်ဖြစ်နေရတယ်” လို့ ပြောပါတယ်။
တပ်မတော် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးမောင်မောင်လတ်က “ပစ်တယ်လို့တော့ သိရတယ်။ ဘာမှတော့ ထိခိုက်မှုတော့မရှိဘူး။ ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး အန်စီအေအရ ဆွေးနွေးရမှာပေါ့။ ဆွေးနွေးမှုတွေပေါ်မှာပဲ မူတည်မယ်” လို့ ပြောပါတယ်။
မေ ၆ ရက်နေ့ကလည်း တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း COVID-19 ကာကွယ်တားဆီးရေးစခန်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် နှစ်ဖက် တင်းမာမှုဖြစ်ပွားပြီး တိုက်ပွဲငယ်တွေ ဖြစ်ပွားနေတာပါ။
မေ ၁၄ ရက် မနက် ၈ နာရီလောက်ကလည်း ကမမောင်း-ဖာပွန် ကားလမ်းမကြီးဘေး ရေပူအေးစခန်းအနီးမှာ မိနစ်အနည်းငယ်ခန့် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သလို့ မေ ၁၅ ရက် ညနေပိုင်းကလည်း ပေါက်ကွဲသံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကေအန်ယူနဲ့ တပ်မတော်တို့ကြား ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် စားဝတ်နေရေးအတွက် ရှာဖွေလုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေ ဖြစ်ရတယ်လို့ ဆိုပါတယ်။
မေ ၈ ရက် ညနေ့ပိုင်းကစပြီး တပ်မတော်ဘက်က ဖာပွန်မြို့အဝင် ဖြတ်သန်းသွားလာမှုတွေကို အချိန်ကန့်သတ်လိုက်သလို ကေအန်ယူဘက်ကလည်း တနင်္လာနေ့နဲ့ သောကြာနေ့တွေကို ခရီးသွားလာတာ မလုပ်ဖို့ ယာဉ်မောင်းနဲ့ ခရီးသွားပြည်သူတွေကို အသိပေးအကြောင်းကြားစာ ပို့ထားတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ခရီးသွားပိတ်ပင်သွားမယ့်ရက်တွေနဲ့ ပတ်သက်ပြီး တပ်မဟာ-၅ KNU ဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောအယ်ဒိုထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရဲမင်းခေါင်
9 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up