ကလေး ၆ ဦး သေဆုံး

A d v e r t i s e m e n t With Us

November 23, 2016

အမေရိကန်တွင် မူလတန်းကျောင်းကားတိမ်းမှောက်၊ ကလေး ၆ ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်၊ ချန်နယူကာ (Chattanooga) မြို့မှာ မူလတန်းကလေးတွေရဲ့ကျောင်းကား တိမ်းမှောက်ပြီး ကလေး အနည်းဆုံး ၆ ဦး သေဆုံးခဲ့တဲ့အတွက် ယာဉ်မောင်းကို ဖမ်းဆီးအရေးယူထားပါတယ်။ ကျောင်းဘတ်စ်ကားဟာ အသက် ၅ နှစ်နဲ့ ၁၀ နှစ်ကြား ကလေးတွေကို ကျောင်းကြိုပို့ပေးနေတဲ့ကားဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီလောက်မှာ တိမ်းမှောက်ခဲ့တာပါ။ ဘတ်စ်ကားက လမ်းဘေးသစ်ပင်မှာ ခံနေပြီး အမိုးလည်း ၂ ပိုင်းပြတ်သွားခဲ့သလို စစ်ဆေးကြည့်ရသလောက် အရှိန်နှုန်း တအားပြင်းတယ်လို့ ချန်နယူကာမြို့ရဲချုပ်က ပြောပါတယ်။ စုံစမ်းစစ်ဆေးရေးအရာရှိတွေကတော့ ကျောင်းကားဟာ ဓာတ်တိုင်ကို အရင်တိုက်ကာ လဲပြီးမှ သစ်ပင်နဲ့ထပ်တိုက်တာ ဖြစ်နိုင်တယ်လို့လည်း ရဲမင်းကြီးက ပြောပါတယ်။ အသက် ၂၄ နှစ်အရွယ် ကျောင်းကား ယာဉ်မောင်းကိုတော့ ရာဇ၀တ်မှု ၅ မှုနဲ့ တရားစွဲဆိုထားပါတယ်။
4 years Ago
Up