ကလေး ၃ ယောက် မူဝါဒ အကောင်အထည်ဖော်မည်ဟု ဖိလစ်ပိုင် သမ္မတလောင်း ပြော

A d v e r t i s e m e n t With Us

May 25, 2016

ကလေး ၃ ယောက် မူဝါဒ အကောင်အထည်ဖော်မည်ဟု ဖိလစ်ပိုင် သမ္မတလောင်း ပြော

ဖိလစ်ပိုင်နိုင်ငံရဲ့ ရွေးကောက်ခံသမ္မတ ရိုဒရီဂို ဒူတာတီက ရိုမန်ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းတွေကို အာခံပြီး တအိမ်ထောင် ကလေး ၃ ယောက် မူဝါဒကို အကောင်အထည်ဖော်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။ မေ ၉ ရက်နေ့ ရွေးကောက်ပွဲရလဒ်တွေကို တရားဝင် မကြေညာသေးပေမယ့် ရွေးကောက်ပွဲ စောင့်ကြည်ရေ့းအဖွဲ့တွေက ရေတွက်ထားတဲ့ ရလဒ်အရ ဒူတာတီက အနိုင်ရနေပါတယ်။ ပွင့်ပွင်းလင်းလင်း ပြောတတ်သူအဖြစ် နာမည်ကြီးသူ ဒူတာတီဟာ အရင်ကလည်း ခရစ်ယာန် တရားဟောဆရာတွေကို ရင့်ရင့်သီးသီး ခိုင်းနှိုင်းခဲ့လို့ ဘာသာရေးအုပ်စုတွေဆီက ဖိအားနဲ့ ရင်ဆိုင်နေရပါတယ်။ ဒူတာတီက သူလည်း ခရစ်ယာန်စစ်တယောက်ပါပဲ။ ဒါပေမယ့်  တအိမ်ထောင် ကလေး ၃ ယောက် မူဝါဒကိုတော့ အကောင်အထည် ဖော်ရမယ်လို့ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့က ဒီဗာအိုစီးတီးမြို့မှာ ပြောခဲ့ပါတယ်။ ခရစ်ယာန်ကျောင်းတော်တွေက ကန့်ကွက်ရင်လည်း ဂရုစိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ လူဦးရေ သန်း ၁၀၀ ရှိပြီး ၈၀ ရာခိုင်နှုန်းက ရိုမန်ကက်သလစ် ဘာသာဝင်တွေဖြစ်လို့ အာရှမှာ ခရစ်ယာန်ဘာသာဝင် အများဆုံး နေထိုင်ရာနိုင်ငံ ဖြစ်ပါတယ်။ ရိုမန်ကက်သလစ်ဂိုဏ်းဝင် ခရစ်ယာန်တွေဟာ ကိုယ်ဝန်ဖျက်ချတာနဲ့ ပဋိသန္ဓေတားတာကို ဆန့်ကျင်ကြပါတယ်။
5 years Ago
Up