ကလေး ၂ ဦး

April 7, 2019

နာမည်ကျော် နယူးယောက်သံစုံတီးဝိုင်းတွင် ကလေး ၂ ဦး၏ တေးသွားကို တီးခတ်ဖျော်ဖြေ (ရုပ်သံ)

ဧပြီ ၄ ရက်နေ့က နာမည်ကျော်  နယူးယောက်သံစုံတီးဝိုင်းမှာ ၁၁ နှစ်အရွယ် ကလေးနှစ်ဦးရဲ့ တေးသွားကို တီးခတ်ဖျော်ဖြေခဲ့ပါတယ်။ အဲဒီဖျော်ဖြေပွဲမှာ  နယူးယောက်မြို့က ၅ တန်းကျောင်းသူ ပန်လိုမာ ဒင်နယ်လီ ချက်စကီ ရေးဖွဲ့ထားတဲ့ 'Rising' အမည်ရှိ တေးသွားနဲ့ ၆ တန်းကျောင်းသားလေး မက်စကိုကာဟို ရေးစပ်ထားတဲ့ ‘အိုးရှန်း ထရို့စ်’ အမည်ရှိ တေးသွားတွေကို သံစုံတီးဝိုင်း အဖွဲ့သား ၁၀၆ ယောက်က တီးခတ်ခဲ့တာပါ။ အဲဒီ ပါရမီရှင် ကလေးနှစ်ယောက်ဟာ နယူးယောက် သံစုံတီးဝိုင်းအဖွဲ့ လူငယ်တေးပြုဆရာ ပရိုဂရမ် အဖွဲ့ဝင် နှစ်ဦးဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် နောက်ပိုင်းကစပြီး ဒီကျောင်းစာပြင်ပ ပရိုဂရမ်ဟာ ရာနဲ့ချီတဲ့ ကလေးတေးပြုဆရာတွေရဲ့ အရည်အသွေးတွေကို မြှင့်တင်ပေးခဲ့ပါတယ်။ ဒီပရိုဂရမ်ဟာ ၄ တန်း ၅ တန်း အရွယ် ကလေးငယ်တွေကို  ဂီတအခြေခံရှိရှိ မရှိရှိ သူတို့ရဲ့ ဂီတအရည်အသွေး တိုးတက်အောင် လေ့ကျင့်ပျိုးထောင်ပေးတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up